ရန်ကုန်၊ အောက်တိုဘာ ၁၇
စိုက်ပျိုးရေးကဏ္ဍတွင် အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်း သောပိုးသတ်ဆေးကို ထိရောက်စွာအသုံးပြုလျက် သီးနှံအထွက် နှုန်းတိုးမှုဖြင့် ပြည်တွင်းစားသုံးမှုသာမက ဈေးကွက်ဝင်ပြည်ပပို့ကုန် အဖြစ်တင်ပို့နိုင်ရန် ပိုး သတ်ဆေး ၂၄၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပိုးသတ်ဆေးနည်းပညာကော်မတီက ဆန်းစစ်လျက်ရှိကြောင်း သိရ သည်။ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ် ရာတွင် အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံမှု နှင့် စံချိန်စံညွှန်းနှင့်အညီ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အန္တရာယ်ကင်းသောပိုးသတ်ဆေးများ ထိရောက်စွာအသုံးပြုနိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ အထိ ပိုးသတ်ဆေး ၃၈၈၉ မျိုးကိုမှတ်ပုံတင်ခွင့်ပြုထားသည်။
“ ပိုးသတ်ဆေး၂၄၅ မျိုးကို မှတ်ပုံတင်ခွင့်ပြု၊ မပြုကို ပိုးသတ်ဆေးနည်းပညာကော်မတီအစည်းအဝေး လုပ်ပြီးပါပြီ။ အဲ့ဒီအပေါ်မှာ နည်း ပညာကော်မတီက အကောင်းဆုံးဝေဖန်သုံးသပ်ပြီးတော့မှ ဘုတ် အဖွဲ့(PRP)ကိုတင်ပေးပါတယ်။အတည်ပြုပြီးမှသာ မှတ်ပုံတင်နိုင်မှာ ပါ။ လက်ရှိပိုးသတ်ဆေးစုစုပေါင်း၃၈၈၉မျိုးကို အသိအမှတ်ပြုထား ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သီးနှံ ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင်လျှောက်ထား ခြင်းကို အွန်လိုင်းစနစ်ဖြင့် ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိ ပြီး သီးနှံစိုက်ပျိုးရာ၌ ပိုးသတ်ဆေးနှင့် ပတ်သက်၍လည်းကောင်း၊ အထွက်နှုန်းတိုးရန် ဆောင်ရွက်ရာ၌ သိရှိလိုသည်များကိုလည်းကောင်း ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာပိုးသတ်ဆေး ကုမ္ပဏီများက ရုံးပိတ်ရက် မှအပ တောင်သူတို့ကို ဖြေကြားပေးလျက်ရှိသည်။
စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံအနေဖြင့် တောင်သူတို့၏လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍ အောင်မြင်မှုပေါ်တွင် အခြေခံသည့်အတွက် သီးနှံအထွက်တိုးမှုနှင့် ခေတ်စနစ်နှင့်အညီ ဘေးကင်းလုံခြုံသောနည်း ပညာအသုံးပြုမှုအပေါ်တွင် မူတည်လျက် ရှိရာ အန္တရာယ်ကင်းသောပိုးသတ်ဆေးများ တောင်သူတို့ အသုံးပြုနိုင် ရန်အတွက် ပိုးသတ်ဆေး၂၄၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုနိုင်ရန် ပိုးသတ်ဆေးနည်းပညာကော်မတီက ဆန်းစစ်လျက်ရှိကြောင်း သိရ သည်။ (၁၁၂)