နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Cardစနစ်ဖြင့် ယာဉ်စီးခပေးချေမှု မကြာမီ ပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၁၇


ရန်ကုန်မြို့တွင် YBS ယာဉ်စီးခပေးချေမှုကို Card ဖြင့် ပေးချေ နိုင်သည့်စနစ် မကြာမီပြန်လည်ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။


လက်ရှိတွင် YBS ယာဉ်စီးခပေးချေမှုကို Card ဖြင့် ပေးချေနိုင် သော Yangon Payment Services(YPS) ကတ်စနစ်ကို YBS ယာဉ်လိုင်း ၄၂ လိုင်းရှိ ခရီးသည်တင်ယာဉ်အစီးရေ ၁၅၉၄ စီးခန့် တွင် တပ်ဆင်ထားကြောင်းနှင့် ယခင်ရောင်းချထားပြီးသား Yangon Payment Services(YPS) ကတ်အရေအတွက်မှာလည်း ခြောက် သောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။


ယခုအခါ အဆိုပါကတ်များဖြင့် YBS ယာဉ်စီးခများ ပြန်လည် ပေးချေနိုင်စေရန် YRTC မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် လျက်ရှိသည့်အပြင် ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများ အားလုံးမှ ခရီးသည်တင်ယာဉ်များတွင် Yangon Payment Services (YPS) ကတ်စနစ်များ တပ်ဆင်အသုံးပြုနိုင်စေရန် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Yangon Payment Services(YPS) ကတ်စနစ် လုပ်ငန်းစဉ် နှင့်ပတ်သက်၍ Asia Starmar Transport Intelligentကုမ္ပဏီကလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိထားပြီး    ထိုကတ်စနစ် စမ်းသပ်အသုံးပြုခြင်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရသဖြင့် ယခုအခါ ပြန်လည် အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ 


ထို့အပြင် ငွေသားကိုင်တွယ်အသုံးပြုရာမှ ကိုဗစ်ရောဂါကူးစက်နိုင်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းတို့မှ ရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ Yangon Payment Services(YPS) ကတ်စနစ်ကို YBS ခရီးသည်တင်ယာဉ်များ၌ ပြန်လည်အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။                    (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ