နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်ရှိ ဗလီကို အိုင်အက်စ်အဖွဲ့တိုက်ခိုက် လူ ၄၇ ဦးထိ သေဆုံး

ကဘူးလ်   အောက်တိုဘာ  ၁၇


အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့ရှိ ရှီယိုက်ဗလီတစ်ခုကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာတွင်  အနည်းဆုံးလူ ၄၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစ္စလာမ္မစ်အဖွဲ့-ခိုရာဆန် ((IS-K) အဖွဲ့က ထုတ်ပြန်လိုက်သည်။


တယ်လီဂရမ်မှထုတ်ပြန်သော အစ္စလာမ္မစ်အဖွဲ့-ခိုရာဆန် ((IS-K) အဖွဲ့ထုတ်ပြန်ချက်တွင် ဂျီဟတ်ဝါဒီအဖွဲ့က အသေခံ ဗုံးခွဲသမားနှစ်ဦးက ဗလီ၏ကွဲပြားသောအစိတ်အပိုင်းများကို သီးခြားစီတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

တာလီဘန်များ၏ တောင်ပိုင်းကန်ဒါဟာမြို့ကို ဦးတည်တိုက်ခိုက်သည့် ယခုလုပ်ရပ်မှာ IS အဖွဲ့လုပ်ရပ်ဖြစ်ပြီး ယခု ဖြစ်ရပ်မှာ မြောက်ပိုင်း ကွန်ဒုဇ်ဗလီတစ်ခုတွင် ရှီယိုက်ဝတ်ပြုသူများအား အသေခံဗုံးခွဲတိုက်ခိုက်အပြီး တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 


ရှီယိုက်များကို ညှဉ်းပန်းနှိပ်စက်လေ့ရှိသည့် တာလီဘန်တို့သည် အမေရိကန်ကျောထောက်နောက်ခံပြုအစိုးရကို ဖြုတ်ချပြီးနောက် သြဂုတ်လလယ်တွင်အာဖဂန်နစ္စတန်ကို ထိန်းချုပ်ခဲ့သည်။


သို့သော် တာလီဘန်ဦးဆောင်သည့် အစိုးရသစ်သည် တိုင်းပြည်တည်ငြိမ်ရန် ကတိပြုထားပြီး ကွန်ဒုဇ်တိုက်ခိုက်ခံရမှု ကြောင့် ယင်း၏အုပ်ချုပ်မှုအောက်တွင် ရှီယိုက်လူနည်းစုကို ကာကွယ်စောင့်ရှောက်ရန် ကတိပြုခဲ့သည်။       ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ