နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်တွင်ပစ်ခတ်မှုများ တည်ငြိမ်မှုရှိရန် အီဂျစ်တိုက်တွန်း

ကိုင်ရို  အောက်တိုဘာ  ၁၇


လက်ဘနွန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် လူသေစေသောပစ်ခတ်မှုအပေါ် အီဂျစ် နိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ဘနွန် နိုင်ငံ၏ အဖွဲ့အစည်းများအားလုံးကို တည်ငြိမ်အေးချမ်းမှုရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။


လက်ဘနွန်နိုင်ငံအနေဖြင့်အကြမ်း ဖက်မှုကိုရှောင်ကြဉ်ရန်၊ လက်ဘနွန်၏ မြင့်မားသောအကျိုးစီးပွားကို ဦးစား ပေး၍ ဖွဲ့စည်းပုံနဲ့ ဥပဒေအားလိုက်နာ ရန်နှင့် ဥပဒေသည်နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအား ကာကွယ်ပေးကြောင်း၊ လူများ၏ မူလ အခြေအနေအားထိန်းသိမ်း၍ ဆိုးဝါး သည့် အကျပ်အတည်းသံသရာမှ ရုန်းထွက်ရန် အီဂျစ်အနေဖြင့်တိုက်တွန်း ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။


လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ်တွင် ပစ်ခတ်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း  လက်ဘနွန်ကြက်ခြေနီအဖွဲ့၏အဆိုအရသိရသည်။  


လက်ဘနွန်အစိုးရနှင့် အဖွဲ့အစည်း များကို တိုင်းပြည်အုပ်ချုပ်ရာတွင် ယင်းတို့၏ တာဝန်များကိုထမ်းဆောင် ရန်၊ အကျပ်အတည်းများကိုဖြေရှင်းပြီး တည်ငြိမ်မှုကို ပြန်လည်တည်ဆောက် ရန် လက်ဘနွန်ကို ပိုမိုကောင်းမွန်သည့် အနာဂတ်ဖြင့်ရှေ့ဆက်နိုင်စေရန် နိုင်ငံ တကာအဖွဲ့အစည်းများမှ လက်ဘနွန် ကို ကူညီမှုပေးရန် အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းခဲ့သည်။  


ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ