နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ကွန်ဆာဗေးတစ် လွှတ်တော်အမတ် ဓားထိုးခံရကာ သေဆုံး

လန်ဒန်  အောက်တိုဘာ  ၁၇


ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် David Amess သည် နိုင်ငံအရှေ့တောင်ပိုင်းရှိ ယင်း၏ မဲဆန္ဒနယ်မြေသို့ရောက်နေစဉ် ခရစ် ယာန်ဘုရားကျောင်းတစ်ခုတွင် ဓါးနှင့် အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးခဲ့သည်။  အသက် ၆၉ နှစ်အရွယ် လွှတ်တော်အမတ် သေဆုံးမှုအတွက် ဗြိတိန်၀န်ကြီးချုပ်ကလည်း ၀မ်းနည်း ကြောင်းပြောဆိုခဲ့ပြီး နိုင်ငံရေးလောက တွင် ကြင်နာသနားတတ်သူ၊ ယဉ်ကျေး သိပ်မွေ့ဆုံးသူတစ်ဦးဖြစ်ကြောင်းလည်း       ၀န်ကြီးချုပ်က ပြောကြားထားသည်။ 


ယင်းလူသတ်မူမှာ သံသယရှိသည့် အသက် ၂၅ နှစ်အရွယ် လူငယ် တစ်ယောက်ကို ဖမ်းဆီးထားပြီး တိုက်ခိုက်မှုနှင့်ဆက်နွယ်သည့် နောက် ထပ်လူများကိုလည်း စုံစမ်းရှာဖွေခြင်း မရှိကြောင်းနှင့် အများပြည်သူအတွက် အထိတ်တလန့် ဖြစ်ရလောက်သည့် အခြေအနေမရှိကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောသည်။ ကွယ်လွန်သူ Amess သည် ၁၉၈၃ ခုနှစ်ကတည်းက ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံ ခဲ့ရသူဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦး ဖြစ်ကာ သားသမီး ၅ယောက်ရှိကြောင်း သိရသည်။                 ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ