နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ရေတပ်သင်္ဘောကို မောင်းထုတ်ခဲ့ကြောင်း ရုရှားပြောဆိုချက်ကို အမေရိကန် ငြင်းဆို

ဝါရှင်တန်   အောက်တိုဘာ  ၁၇


ဂျပန်ပင်လယ်တွင် တရုတ်နှင့် ရုရှားတို့ စစ်ရေးလေ့ကျင့်နေချိန်တွင် အမေရိကန်ရေတပ်ဖျက် သင်္ဘော တစ်စင်းဝင်လာသဖြင့် ရုရှားရေတပ် သင်္ဘောတစ်စင်းက နောက်မှလိုက်လံ မောင်းထုတ်ခဲ့သည်ဆိုသည့် ရုရှား၏ ပြောဆိုချက်ကို အမေရိကန်နိုင်ငံက ငြင်းဆိုလိုက်သည်။ 


ဂျပန် ပင်လယ်သို့ရောက်ရှိနေသည် မှာ ၇ နှစ်ကြာပြီဖြစ်သော အမေရိကန် ဖျက်သင်္ဘော USS Chafee သည် ရုရှား ဖက်ဒရေးရှင်း ရေပိုင်နက်အနီးသို့ ချည်းကပ်ပြီး နယ်စပ်ကိုဖြတ်ကျော် ဝင်ရောက်ရန် ကြိုးစားခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ ချက်တစ်စောင်တွင် စွပ်စွဲပြောကြား သည်။ ရုရှား၏ Admiral Tributs ဖျက်သင်္ဘောက ထိုလုပ်ရပ်များသည် ခွင့်မပြုနိုင်သော လုပ်ရပ်ဖြစ်ကြောင်း  အမေရိကန်စစ်သင်္ဘောကို သတိပေး ချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 


သို့သော် USS Chafee သည် သတိပေးချက်ကိုလျစ်လျူရှုပြီး ရုရှား ဖက်ဒရေးရှင်းနယ်စပ်ကို ချိုးဖောက် ရန်လုပ်ဆောင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ရုရှားဘက်ကပြောသော သတင်းသည် မှားယွင်းသော သတင်းဖြစ်ကြောင်း အမေရိကန်ရေတပ်က ပယ်ချခဲ့ခြင်းဖြစ် သည်။        ရဲခေါင်(ref:EuroNews)






အခြားဆက်စပ်သတင်းများ