နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၆၅၆၄ ဦးကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ

ရန်ကုန်  အောက်တိုဘာ  ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၆၅၆၄ ဦးခန့်အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာအခြေခံပညာကျောင်း ၃၄ ကျောင်းတွင် ဆေးထိုးစုရပ် ၁၃ ခု ဖွင့်လှစ်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း      မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


ရွှေပြည်သာမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၅၇ ကျောင်း၊ ဘကကျောင်း ၁၃ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၄ ကျောင်း၊ စုစုပေါင်း ၈၄ ကျောင်းရှိရာ အခြေခံပညာကျောင်း ၃၄ ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၆၅၆၄ ဦးကို ဆေးထိုးစင်တာ ၁၃ နေရာခွဲ၍ (ပထမ)အကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးများကို အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ  ၂၃ ရက်အထိ ထိုးနှံပေးသွာမည်ဖြစ်ပြီး နိုဝင်ဘာ  ၁၄ ရက်တွင် (ဒုတိယ)အကြိမ်ကာကွယ်ဆေးများကို ပြန်လည်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။                                                   အေးမိုး၊ ဇွဲထက်ကို






အခြားဆက်စပ်သတင်းများ