နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Myanmar Ahlone Power Plant စက်ရုံလူထုတွေ့ဆုံပွဲအခမ်းအနား ပြုလုပ်

ရန်ကုန်  အောက်တိုဘာ  ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဝင်းအတွင်းတွင် တည်ဆောက်လည်ပတ်လျက်ရှိသော Ahlone Combined Cycle Plant (CCPP) စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေး အပေါ် အကျိုးသက်ရောက်မှုလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ ရေးသားခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှုအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီချိန်က အလုံမြို့နယ်၊ ကမ်းနား လမ်း၊ စောရန်ပိုင်အနောက်ရပ်ကွက်ရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နံနက် ၁၀ နာရီချိန်တွင်ဖွင့်လှစ်ပြီး အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်ရုံမှူး ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်ခင်က အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက်  အလုံ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာ စကားပြောကြားကာ Myanmar Ahlone Power Plant စက်ရုံ တာဝန်ခံကလျှပ်စစ်စက်ရုံ၏လုပ်ဆောင်ချက်များကို ရှင်းလင်း တင်ပြသည်။ 


ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှုတာဝန်ကို ဆောင်ရွက်နေသည့် MSR ကုမ္ပဏီက ၎င်းတို့၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာဆန်းစစ်ခြင်းများဖြစ်သည့်ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များ၊ ရုပ်ပိုင်းဆိုင်ရာတွေ့ရှိမှုများ၊  ဇီဝပိုင်းဆိုင်ရာတွေ့ရှိမှုများ၊ ကျန်းမာရေးဆိုင်ရာနှင့် လူမှုစီးပွားဆိုင်ရာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း တင်ပြကာ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောပြီး အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

အောင်စိုး(အလုံ)






အခြားဆက်စပ်သတင်းများ