နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

ရန်ကုန် အောက်တိုဘာ ၁၇


ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်အတွင်းရှိ  အခြေခံ ပညာကျောင်းများတွင် ပညာ သင်ယူလျက်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း နှင့် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ အပါအဝင်  ကိုယ် ပိုင် အထက်တန်းကျောင်းများ က ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး စာသင်ကျောင်း အခြေပြု၍ မြို့ပေါ်၌ဆေးထိုးစုရပ်သုံးနေရာ နှင့် ကျေးရွာတွင် ဆေးထိုးစုရပ် တစ်နေရာ၊ စုစုပေါင်း ဆေးထိုး စုရပ် လေးနေရာတို့တွင် တစ်ပြိုင်နက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့မ ၄ ရပ်ကွက်ရှိအမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း၊  အံ့ကြီးအနောက် ရပ်ကွက်ရှိ အ-မ-က ၁၃၊  တာကြီးရပ်ကွက်ရှိ အ-လ-က ၆၊ ပျော်ဘွယ်ကြီး စံပြကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ဆေးထိုးစုရပ် များအဖြစ် သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်း လုပ်ငန်း များကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှုဖြင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  မြို့နယ်ပညာရေးဌာန၊ မြို့နယ် လုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှ အုပ် ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


ဒလမြို့နယ် အတွင်း၌ အခြေခံပညာကျောင်း ၇၆ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သုံးကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း နှစ် ကျောင်း၊ စုစုပေါင်း ၈၁ ကျောင်းရှိပြီး၊ ကျောင်းပြင်ပ မူလတန်းပညာရေး စခန်း ခြောက်ခုနှင့် ကျောင်းပြင်ပ အလယ်တန်း ပညာရေး စခန်း နှစ်ခု၊ စုစုပေါင်း ကျောင်းပြင်ပ ပညာရေးစခန်း ရှစ်ခုရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၈၂ ဦးရှိကြောင်း သိရသည်။    


နိုင်လင်းကျော်(IPRD)






အခြားဆက်စပ်သတင်းများ