နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်အခြေစိုက်စီးပွားရေးပညာရှင် ၃ ဦး နိုဗယ်ဆုရ

စတော့ဟုမ်း   အောက်တိုဘာ  ၁၄


တနင်္လာနေ့တုန်းက Royal Swedish Academy ၏     ကြေညာချက်အရ ဒေးဗစ်ကပ်၊   ယောရူယဒီအန်ကရစ်နှင့် ကိုင်ဒိုဒဗလူအင်ဗဲန်တို့ကို    စီးပွားရေး နယ်ပယ်မှာ နိုဗယ်ဆုချီးမြှင့်လိုက်ပြီဖြစ် သည်။ ဒေးဗစ်ကပ်သည် ကနေဒါလူမျိုး အလုပ်သမားဆိုင်ရာ စီးပွားရေးပညာရှင် ဖြစ်ပြီး၊ ကာလီဖိုးနီးယားတက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်သူ ဖြစ်ကာ ယင်း၏လက်တွေ့အခြေခံသော အလုပ်သမားစီးပွားရေးဘာသာရပ်တွင်  ပံ့ပိုးမှုကြောင့် နိုဗယ်ဆုကို ချီးမြှင့်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။ 


အန်ကရစ်နှင့် ကိုင်ဒိုတို့ကိုမူအကြောင်း အရာဆက်စပ်မှုကို အသေးစိတ်လေ့လာ ရာတွင် နည်းလမ်းကျကျ ကူညီပံ့ပိုးနိုင် မှုကြောင့် နိုဗယ်ဆုချီးမြှင့်ခံခဲ့ရသည်။ အန်းကရစ်ကမူ     အစ္စရေးအမေရိကန် စီးပွားရေးပညာရှင်ဖြစ်ပြီး၊  မန်ဆာချူးဆက် နည်းပညာသိပ္ပံတစ်ခုမှာ ပါမောက္ခအဖြစ်      တာဝန်ထမ်းဆောင်နေသည်။ အင်ဗဲန် ကမူ ဒတ်ချ်အမေရိကန်စီးပွားရေးပညာရှင် တစ်ဦးဖြစ်ပြီး၊ စတဲန်းဖို့တက္ကသိုလ်တွင်  ၂၀၁၂ ခုနှစ်မှစပြီး ပါမောက္ခတစ်ဦးအဖြစ်      တာဝန်ထမ်းဆောင်နေသူဖြစ်သည်။


ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နိုဗယ်ဆု ရရှိတဲ့   ပညာရှင်တွေဟာ  စီးပွားရေး နယ်ပယ်အသီးသီးက     ပညာရှင်တွေ ဖြစ်ကြပြီး    ငွေကြေးဆိုင်ရာစီးပွားရေး၊ အသေးစားစီးပွားရေး၊ မတ်ခရိုစီးပွား မတ်ထရစ်၊ စီးပွားရေးမတ်ထရစ်၊ အပြု အမူစီးပွားရေး၊ ကော့ပရိတ်အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှု စီးပွားရေးနယ်ပယ်အသီးသီးက ဖြစ်သည်။


ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ