နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုံမှန်မဟုတ်သောမိုးရွာသွန်းမှုကြောင့် တရုတ်တွင် လူ ၁၀ ဦးအထက် သေဆုံး

ဘေကျင်း  အောက်တိုဘာ  ၁၄


တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည် နယ်တွင် ပုံမှန်မဟုတ်သော မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ 


ပုံမှန်အားဖြင့်     ခြောက်သွေ့သော အဆိုပါဒေသတွင် သုံးလအတွင်းတစ်ပတ် ခန့်မိုးရွာသွန်းပြီး တစ်နိုင်ငံလုံး စွမ်းအင် အကျပ်အတည်းကြုံနေရသည့် ကာလ တွင်ရေလွှမ်းမိုးမှုကြောင့် ကျောက်မီးသွေး  ကြွယ်ဝသော  ကုန်းတွင်းပိတ်ဒေသကို ထိခိုက်ခဲ့ရကာ ဇူလိုင်လအတွင်း စံချိန် တင် ရေလွှမ်းမိုးမှုဖြစ်ပြီးနောက် ဟီနန် ပြည်နယ် အလယ်ပိုင်း၌ လူ ၃၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။  


တရုတ်၏  ထိပ်တန်းကျောက်မီးသွေး ထုတ်လုပ်သည့်   ဒေသတစ်ခုဖြစ်သော ရှန်ရှီးပြည်နယ်တွင် ရေကြီးမှုကြောင့် အနည်းဆုံးကျောက်မီးသွေးတွင်း ၆၀ အနည်းဆုံးယာယီပိတ်ထားခဲ့ရပြီး ယခု အခါ မိုင်းတွင်းလေးခုမှလွဲ၍ အားလုံး      ပုံမှန်အတိုင်းပြန်ဖြစ်သွားကြောင်း ဒေသ တွင်း  အရေးပေါ်စီမံခန့်ခွဲရေးအရာရှိ ဝမ်ကွီရီးက ပြောကြားသည်။ 


ဝမ်က ပြင်းထန်သော ရာသီဥတု ကြောင့် အဆောက်အအုံ ၁၉၀၀၀ ခန့် လုံး၀ပျက်စီးခဲ့ပြီး အခြား ၁၈၀၀၀ ခန့်မှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း သိရ သည်။  


ပြည်နယ်တစ်ဝှမ်း၌ အနည်းဆုံးလူ ၁ ဒသမ ၇၅ သန်းမှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရပြီး ဒေသခံ ၁၂၀၀၀၀ ကို ဘေးကင်း ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ