နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်၊ အောက်တိုဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ အနောက် ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ    ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေး သည့် အသက် ၅၅နှစ် နှင့် အထက်ပြည်သူများအား  ပထမအကြိမ် ကာကွယ်ဆေး  ထိုးနှံပေးခြင်းလုပ်ငန်း နှင့်  ကာကွယ်ဆေးထိုးနှံရာတွင်  အကြောင်း အမျိုးမျိုးကြောင့်    ကျန်ရှိနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်များ  စေတနာ့ဝန်ထမ်းများနှင့်အများ ပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီက အ.လ.က(၁)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာ ရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့  ဝင်များက သွေးအတွင်း အောက်စီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ် အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။


လမ်းမ‌‌တော်မြို့နယ်အတွင်း ရပ်ကွက် ပေါင်း(၁၃)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကိုသက်ဆိုင်ရာ ဦးစားပေး အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ၊အောက်တိုဘာ  ၁၂ ရက် အထိ    ကာကွယ်ဆေးထိုးနှံသူ‌ပေါင်း ၁၃၅၀၂ ဦးရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊   ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်  ပရဟိတအသင်းများ  ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သူများကို      အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန်     ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                      ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ