နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၉/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု  ကော်မတီ၏ (၉/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊  အောက်တို ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်   ကျင်းပပြုလုပ်ခဲ့ သည်။


အဆိုပါ အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင် များမှ  ဗီဒီယိုကွန်ဖရင့်ကို  အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးတွင်  ရန်ကုန်တိုင်း ဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီ သည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု နှစ်ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြု ပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် ဖိနပ် အမျိုးမျိုး   ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆန်စပါး  အခြေခံတန်ဖိုးမြှင့်ဆန်နှင့် ဆန်ကွဲထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMPစနစ်ဖြင့် ပဲအမျိုးမျိုးထုတ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်သည်။


အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏ မတည်ငွေရင်းပမာဏမှာ မြန်မာ ကျပ်ငွေ ၅၄၂၀ သန်း နှင့် အမေရိကန် ဒေါ်လာ  ၁ ဒသမ ၅၀  သန်းဖြစ်ပြီး အဆိုပါလုပ်ငန်းတစ်ခုမှ   ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၃၇၂ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ  ၁၄ ခု ၏ တင်ပြချက်များကိုလည်းဆွေးနွေး ဆုံးဖြတ်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများ အနေဖြင့်    မတည်ငွေရင်းပမာဏ အမေရိကန် ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အတည်ပြုလျှောက်ထား လွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာန၊    ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ မြေကွက်အမှတ် ၄၉၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေး စေတီလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန် မြို့ တယ်လီဖုန်း အမှတ် ၀၁- ၆၅၈၂ ၆၃၊ ၀၁-၆၅၈၂၆၄ သို့   ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပြီး  မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀  အထက် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏ လျှောက်ထား လွှာများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၊ အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ တယ်လီ ဖုန်း  အမှတ်  ၀၁-၆၅၈၁၀၂၊ ၀၁၆၅၈ ၁၀၃ သို့ ဆက်သွယ်မေးမြန်း လျှောက်ထား နိုင်သည်။ စောလှိုင်ဝင်း(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ