နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေယာယီစျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန်  အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တာမွေမြို့နယ် တာမွေ(ယာယီ) စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေး အတွက် အောက်တိုဘာ ၁၂ ရက်၊ နံနက်ပိုင်းက စျေးတာဝန်ခံ ဦးသူရဝင်း၏ ဦးဆောင်မှုဖြင့် စည်ပင် သာယာဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများ ပူးပေါင်း၍ တာမွေ ယာယီစျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်း လူအသွားအလာများသည့် နေရာများမှ အညစ်အကြေးများနှင့် စွန့်ပစ်အမှိုက် များကို ဖယ်ရှားရှင်းလင်းခြင်း၊ စျေး အတွင်းရှိရေဝပ်နေသော  ချိုင့်ခွက် နေရာများကို သဲအိတ်များဖြင့် မြေဖို့ ပေးခြင်းနှင့် စျေးအတွင်းရှိရေနုတ်မြောင်း များ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နုန်းနှင့် အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။ (ပုံ)


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တာမွေမြို့နယ်တွင် စည်ပင် သာယာစျေး ခုနစ်စျေးရှိပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီ အနေ ဖြင့် မြို့နယ်အတွင်းရှိ စျေးများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး စျေးများ သန့်ရှင်းသပ်ရပ်စေရေး အတွက်လည်း  စဉ်ဆက်မပြတ်ဆောင်             ရွက်လျက်ရှိကြောင်း သတင်းရရှိ  သည်။

နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ