နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးဖွင့်လှစ်

ရန်ကုန်  အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးဖွင့်ပွဲကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက အဆိုပါအသင်း ခွဲရုံးရှေ့မျက်နှာစာ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ Mr.DANIEL၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုး နှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်တို့က အသင်းခွဲရုံး အဆောက်အဦကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဆိုင်းဘုတ်ကို အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ အသင်း ဥက္ကဋ္ဌနှင့်အတူ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လင်းလင်းသက်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မိုးသီတာဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် ကော်မတီဝင်များ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မှူးများနှင့် အရာရှိများ၊ အလှူရှင်များ၊ ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။ (ပုံ)


ထို့နောက် အသင်းဥက္ကဋ္ဌသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ဖွင့်လှစ်ထားသည့် အခမဲ့ ဆေးကုခန်းတွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေ ကြသော အသင်းဝင်ဆရာဝန်များ၊ ကူညီ ဆောင်ရွက်နေကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များကို ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြား ခဲ့သည်။                                         

(KS)






အခြားဆက်စပ်သတင်းများ