နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတ်အားသုံးစွဲသူပြည်သူများမှ အမှန်တကယ်အသုံးပြုခဲ့သော ဓာတ်အားခများ အပြည့်အဝပေးသွင်းရေးဆွေးနွေး

ရန်ကုန်  အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်းသည် အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁၁ နာရီ က အလုံမြို့နယ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား သုံးစွဲသူပြည်သူများကို ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေး နိုင်ရေး  တည်ငြိမ်ပြည့်ဝသော ဗို့အား သုံးစွဲနိုင်ရေးနှင့် ဓာတ်အားသုံးစွဲသူ ပြည်သူများမှ အမှန်တကယ်အသုံးပြု ခဲ့သော ဓာတ်အားခများ အပြည့်အဝ ပေးသွင်းရေးနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ရာသို့ တက်ရောက်သည်။ (ယာပုံ)


ရှေးဦးစွာ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းအမှုဆောင် အရာရှိချုပ် ဦးကျော်သူက မီတာ ဖတ်ရူမှုတွင် တွေ့ကြုံရသည့်အခက် အခဲများ၊ မီတာကြေးကောက်ခံမှု ကို စနစ်သစ်ဖြင့် ကောက်ခံမှု၊ နောက်ကျဒဏ်ကြေး ကောက်ခံမှု၊ ဓာတ်အားသုံးစွဲသူ ပြည်သူများဓာတ်အားခ များပေးဆောင်ရာတွင် အဆင်ပြေချောမွေ့ စေရေး ပေးဆောင်ရမည့် နောက်ဆုံး  ရက် သတ်မှတ်ကြိုတင်အသိပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးခွဲရုံများနှင့် နေ့စဉ်ဓာတ်အားသုံးစွဲမှု အခြေအနေ၊ မြို့နယ်များတွင် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကို ပိုမိုကောင်းမွန်စေ ရန် ဆောင်ရွက်ခြင်း၊ ထရန်စဖော်မာ များ၊ ဆွေးမြေ့တိုင်များ၊ ကြိုးသေး များကို အစားထိုးလဲလှယ်ခြင်း၊ ချို့ယွင်းထရန်စဖော်မာများ ပြုပြင်ခြင်း တို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်း၏ ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုများနှင့် တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင် ရွက်နေမှုများကို အကျယ်တဝင့်ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ထို့နောက် ဝန်ကြီးက ဓာတ်အား သုံးစွဲသူပြည်သူများမှ အမှန်တကယ် အသုံးပြုခဲ့သော ဓာတ်အားခများ အပြည့်အဝပေးသွင်းရေးနှင့် ပေးသွင်း ခြင်းမရှိပါက တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်မည့်အစီအစဉ်များ၊ မီတာကောက်ခံ မည့်ရက်၊ နောက်ဆုံးပေးသွင်းရမည့် ရက်၊  နောက်ကျ ဒဏ်ကြေးများ ပေးဆောင်ခြင်းကို ပြည်သူများကျယ် ကျယ်ပြန့်ပြန့် သိရှိအောင်ဆောင် ရွက်ရန်၊ ကျေးလက်ဒေသအားလုံး ယခုနှစ်ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးရရှိ ပြီး မီးလင်းရေးဆောင်ရွက်ရန်၊ဆိုလာ နည်းစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဦးစား ပေးဆောင်ရွက်ရန် လျှပ်စစ်မီတာခများ ကို Online များမှ အသုံးပြု၍ ပေးသွင်း နိုင်အောင် စီမံဆောင်ရွက်ရန်၊ပြည်သူ များကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်း ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် ပြောကြားသည်။


ယင်းနောက် Advanced  Metering Infrastructure (AMI) Control  Center တွင် (AMI)နည်းစနစ်ဖြင့် မြို့နယ် ခြောက်မြို့နယ်တွင် မီတာဖတ်ခြင်း၊ မီတာခပေးချေခြင်း၊ သုံးစွဲသည့်ယူနစ် ကြည့်ရှုခြင်း၊ တောင်းခံငွေ၊ ကောက်ခံ ရငွေ၊ ကြွေးကျန်ရှိမှုများကို သိရှိနိုင်မည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ခုနစ်မြို့နယ်တွင် (AMI)စနစ်ဖြင့် ဆောင်ရွက်နေမှုများ မကြာမီ ပြီးစီးမည်ဖြစ်၍ ၁၃ မြို့နယ်ကို (AMI)စနစ်ဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ  ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ