နွားထိုးကြီး၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြိုနယ်တရာရုံးတွင် အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲကျော်တွင် ဗုံးနှစ်လုံး နာရီဝက်ခြားပေါက်ကွဲမှုဖြစ် ပွားရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိ ကြောင်း မြို့ခံတို့ထံမှ သိရသည်။
နွားထိုးကြီး PDF ၏ အောက်တိုဘာ ၉ ရက် နောက်ဆုံးထား၍ ဌာနဆိုင်ရာ ဝန်ထမ်းများ နုတ်ထွက်ကြရန် သတိ ပေးပြီးနောက် မြို့နယ်တရားရုံး ရုံးဖွင့်ချိန် ဗုံး ပေါက်ကွဲခြင်းဖြစ်သည်။
နွားထိုးကြီးမြို့ပေါ်တွင် ထွေ/အုပ်ရုံး၊ ပညာရေးရုံးတို့ ဗုံးပေါက်ကွဲမှု ယခင် ကရှိခဲ့သော်လည်း မြင်းခြံအဖွဲ့က လာ ရောက်ဗုံးခွဲခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ ယခုဗုံးမှာ မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးကြောင်း ကနဦးသတင်းရရှိသည်။
ဌေးမြင့်မောင်