နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သမားများ လက်ချက်ဖြင့် အိန္ဒိယတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

ကက်ရှမီးယား  အောက်တိုဘာ  ၁၃


ပြီးခဲ့သည့် ၁၀ ရက်အတွင်း အကြမ်းဖက်သမားဟု သံသယရှိသူအရပ်သား ၆ ဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ရာ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ယင်းသတ်ဖြတ်မှုကြောင့် အိန္ဒိယတစ်ဝန်း လူထုကိုဒေါသထွက်စေခဲ့ကာ တိုက်ခိုက်မှုများကို ပါတီအားလုံးမှ နိုင်ငံရေး သမားများက ပြစ်တင်ရှုတ်ချခဲ့ ကြသည်။


ဂျမူးနှင့် ကတ်ရှ်မီးယား ပြည်ထောင်စုနယ်မြေတွင်   အပြန်အလှန်ပစ်ခတ်မှုတစ်ခုအတွင်း အိန္ဒိယစစ်တပ်မှ တပ်ဖွဲ့ဝင်ငါးဦးကို အကြမ်းဖက်သမားများက ပစ်သတ်ခဲ့ကြောင်း   အိန္ဒိယစစ်တပ်အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။  


ယင်းပြောရေးဆိုခွင့်ရှိသူက သူပုန်နှိမ်နင်းဆန့်ကျင်ရေးစစ်ဆင်ရေးကို ရွာတစ်ရွာကနေ စတင်ခဲ့သည်ဟုဆိုပြီး  အဆိုပါရွာမှာ ပွန်နူးခရိုင် ဒါကီဂါလီ ဧရိယာနှင့် နီးကပ်ကြောင်း၊ ယနေ့နံနက်တွင် လက်ရှိ စုံစမ်းမှုအချက်အလက်များကို ထည့်သွင်းခဲ့ကြောင်း သိရသည်။


ပစ်ခတ်မှုမှာ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား အငြင်းပွားနေသည့် ဟိမဝန္တာနယ်မြေကိုပိုင်းခြားထားသည့် ထိန်းချုပ်ရေးလိုင်း (LoC) အနီးက တောင်တန်းတစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ