နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါင်းနင်းလမ်းဝင်ပေါက်ကိုပိတ်ဆို့ကာ Greenpeace အဖွဲ့ ဆန္ဒပြ

လန်ဒန်  အောက်တိုဘာ  ၁၃


Greenpeace တက်ကြွလှုပ်ရှားသူ တစ်စုသည် ဗြိတိန်ဝန်ကြီးချုပ်ရုံးထိုင်ရာ ဒေါင်းနင်းလမ်းကို  ပိတ်ဆို့ကာ  ဆန္ဒပြခဲ့ ကြကြောင်း သိရသည်။ ဆန္ဒပြသူအချို့ သည် ယင်းတို့၏လက်များကို သံတိုင်စည် များအတွင်းသော့ခတ်ကာ ဝန်ကြီးချုပ် ရုံးရှေ့လမ်းမကြီးကို   ပိတ်ဆို့ခြင်းဖြစ် သည်။ အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်အီဗန်က ယင်းတို့အနေဖြင့် ရှပ်တဲ လန်ကျွန်းများကုန်ကျစရိတ်ထဲမှ ရေနံ တူးဖော်ခြင်း ကုန်ကျစရိတ်ကို ဖြတ် တောက်ရန်  ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် ကမ္ဘာဂြိုဟ်တွင် ရုပ်ကြွင်း လောင်စာများအတွက် အကုန်အကျမခံ နိုင်တော့ကြောင်း၊ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်အနေဖြင့် ကမ်ဘိုရေနံမြေစီမံကိန်း အကြောင်းကို     ပြန်လည်စဉ်းစားရန် တိုက်တွန်းကြောင်း ပြောသည်။


ရဲများက ဆန္ဒပြသူများ သံစည်ထဲ သော့ခတ်ထားမှုကို လျှပ်စစ်လွှဖြတ်စက် များသုံးကာ သံစည်များဖြတ်တောက်ပြီး ဆန္ဒပြသူအနည်းဆုံး   ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကာ  အဓိကလမ်းမကြီးဖြစ် သည့် ဝှိုက်ဟောလမ်းကို မွန်းလွဲပိုင်း အထိ အာဏာပိုင်များက ပိတ်ထားဆဲ ဖြစ်ပြီး  ယာဉ်ကြောပိတ်ဆို့မှုကို ဖွင့်ပေး ထားသည့်လမ်းမှ ဝန်ဆောင်ပေးခဲ့ကြောင်း သိရသည်။        မျိုးဝင်း (ref:Reuters)






အခြားဆက်စပ်သတင်းများ