နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဈေးကွက်ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော်အရန်သတ္တုကို တရုတ် ထုတ်ရောင်း

ဘေကျင်း  အောက်တိုဘာ  ၁၃


မြင့်တတ်လာသည့် သတ္တုစျေးနှုန်း ကို ထိန်းချုပ်နိုင်ရန်အတွက် ကြေးနီ၊ ဒန်သတ္တုနှင့်   သွပ်စုစုပေါင်းတန်ချိန် ၁၅၀၀၀၀ ကို ထုတ်ရောင်းလိုက်ကြောင်း တရုတ်အစိုးရ    သိုလှောင်ရေးဆိုင်ရာ အရာရှိတစ်ဦး၏    ကြေညာချက်အရ သိရသည်။


ယင်းသို့ လုပ်ဆောင်ခြင်းမှာ ယခုနှစ် အတွင်း ၄ ကြိမ်မြောက် အရန်သတ္တု ထုတ်ရောင်းခြင်းဖြစ်ပြီး၊      ယခင်က ကြေးနီ၊   ဒန်သတ္တုနှင့်  သွပ်တန်ချိန် စုစုပေါင်း ၄၂၀၀၀၀ ထုတ်ရောင်းခဲ့သည်။


အမျိူးသားအစားအစာနှင့် သိုလှောင် ရေးဗျူဟာစီမံခန့်ခွဲမှုရုံး၏ ပြောဆိုချက် အရ၊ အရန်သတ္တုထုတ်ရောင်းခြင်းသည် မြင့်တက်လာသည့် ကုန်ကြမ်းစျေးနှုန်း ကြောင့်      စီးပွားရေးလုပ်ငန်းများ၏ ဝန်ထုပ်ဝန်ပိုးကို  လျှော့ချပေးလိုက်ခြင်း ဖြစ်ကြောင်း၊    စီမံခန့်ခွဲမှုရုံးအနေဖြင့် စျေးနှုန်းအပြောင်းအလဲကို စောင့်ကြည့် ကာ ဆောင်ရွက်သင့်သည်ကိုဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။


မြင့်မားလာသည့် ဝယ်လိုအားကြောင့် ကမ္ဘာ့ကုန်စျေးနှုန်းများမှာ ယခုနှစ်ဆန်း ပိုင်းမှစ၍      မြင့်တတ်လာခြင်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုများလာခြင်းဖြစ်သည်။   ရဲခေါင်(ref:AP)






အခြားဆက်စပ်သတင်းများ