နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်မီးသွေးလိုအပ်ချက်ကြောင့် လျှပ်စစ်မီးပြတ်တောက်နိုင်ကြောင်း နယူးဒေလီဝန်ကြီးချုပ် သတိပေး

နယူးဒေလီ  အောက်တိုဘာ  ၁၃


အိန္ဒိယ၊ မြို့တော် နယူးဒေလီတွင် ကျောက်မီးသွေး  မလုံလောက်ခြင်းကြောင့် လျှပ်စစ်မီးပြဿနာကိုရင်ဆိုင်ရန် ပိုနီး လာပြီဖြစ်ကြောင်း       နယူးဒေလီ ဝန်ကြီးချူပ်      အရ်ဗင်းကေဂျီဝဲလ်က သတိပေးပြောကြားလိုက်သည်။


ကျောက်မီးသွေး အသုံးပြုဓာတ်အား ထုတ်လုပ်နေသည့်       စက်ရုံအချို့တွင် ကျောက်မီးသွေးပမာဏ တစ်ရက်စာသာ ကျန်တော့သည့်အတွက် နိုင်ငံ၏ ပြည် နယ်များဖြစ်သည့် ဗီဟာရ်း၊ ရာဂျစ်စတန် နှင့် ဂျာခန်ပြည်နယ်များ၌ တစ်ရက်လျှင်  ဓာတ်အားပြတ်တောက်မှု ၁၄ နာရီအထိ ကြုံနေရကြောင်း သိရသည်။


ထို့အခြေအနေကြောင့် ဗဟိုအစိုးရ ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် လိုအပ်နေသည့် ကုန်ကြမ်းများကို နယူး ဒေလီသို့ ပံ့ပိုးသင့်ကြောင့်၊ နယူးဒေလီ မြို့သည် နိုင်ငံတော်အတွက် နည်းဗျူဟာ ကျသော မြို့ဖြစ်ပြီး၊ ဆေးရုံနှင့် ကိုဗစ် ကာကွယ်ဆေးဆိုင်ရာ    စင်တာများ အတွက် အလွန်အရေးပါခြင်းကြောင့် နယူးဒေလီကို         ဦးစားပေးပံ့ပိုးရန်    ဝန်ကြီးချုပ်က တောင်းဆိုထားသည်။ 


အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ကျောက်မီးသွေးက ၇၀ ရာခိုင်နှုန်းထိ အသုံးပြုနေရပြီး၊ သဘာဝ လောင်စာဆီ၏ ၃ ပုံ ၄ ပုံကို ပြည်တွင်း ၌သာ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ယခုမူ နိုင်ငံ၏  ဓာတ်အားထုတ်စက်ရုံများတွင် ကုန် ကြမ်း ၃ ရက်စာသာကျန်ရှိကြောင်း သိရသည်။          ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ