နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့ကို အထူးကုန်သွယ်ခွင့်ပေး၍ မရတော့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

မေ ၂၈၊ ဝါရှင်တန်


အမေရိကန်နိုင်ငံ၏ ဥပဒေအရ ဟောင်ကောင်မြို့ကို အထူးအခွင့်အရေးပေး၍ မရတော့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက လွှတ်တော်တွင် ပြောခဲ့သည်။ အဆိုပါကြေညာချက်မှာ ကုန်သွယ်ရေးအချက်အချာနေရာဟု သတ်မှတ်ခံထားရသည့်  ဟောင်ကောင်မြို့အတွက် ကြီးမားသည့်ရှုပ်ထွေး မှုများ ဖြစ်ပေါ်စေနိုင်ပြီး တရုတ်အစိုးရကို ဒေါသထွက်စေဖွယ်ရှိနေသည်။ 


'' လက်တွေ့ကျတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဆင်ခြင်တုံ တရားရှိသူတိုင်းက ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့လို့ သတ်မှတ်မှာမဟုတ်ပါဘူး''ဟု မိုက်ပွမ်ပီယိုက ပြောသည်။ တရုတ်နိုင်ငံက ဟောင်ကောင်မြို့တွင် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းရန် စီစဉ်ခဲ့ပြီးနောက် မိုက်ပွမ်ပီယိုက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးဥပဒေမှာ ဟောင်ကောင်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်မှုကို ထိပါးစေသည့် လုပ်ရပ်များအနက် ယခုနောက်ဆုံး လုပ်ရပ်ဟု မိုက်ပွမ်ပီယိုက ဆိုသည်။


'' တရုတ်နိုင်ငံက ဟောင်ကောင်မြို့ကို သူတို့အတိုင်း ပုံသွင်းနေတယ်ဆိုတာ ထင်ရှားလာပါပြီ''ဟု ယင်းက ပြောသည်။ အမေရိကန်နိုင်ငံက ဟောင်ကောင်မြို့ကို အထူးကုန်သွယ်ခွင့်ပေးအပ်ထားသော်လည်း ဟောင်ကောင်မြို့ အနေဖြင့် လုံလောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိ၊ မရှိဆိုခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက နှစ်စဉ်နှစ်တိုင်း ပြန်လည်သုံးသပ်ရန် ပြီးခဲ့သည့်နှစ်တွင် ဥပဒေပြဋ္ဌာန်း ခဲ့သည်။ ဟောင်ကောင်မြို့တွင် လုံလောက်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတ်မှတ်ပါက ဟောင်ကောင်မြို့၏ အထူးကုန်သွယ်ခွင့်ကို အမေရိကန်လွှတ်တော်က ရုပ်သိမ်းနိုင်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ