နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာမိတ်ဖက်များနှင့်အတူ နိုင်ငံတွင်း ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို စောင့်ရှောက်မည်ဟု ထိုင်ဝမ် ပြော

တိုင်ပေ  အောက်တိုဘာ  ၁၂


ဒီမိုကရေစီနှင့်    လွတ်လပ်ခွင့်ကို နိုင်ငံတကာ    မိတ်ဖက်များနှင့်အတူ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ် ကြောင်း ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောကြားလိုက်သည်။


ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို ဦးစားပေး   ထိန်းသိမ်းထားနိုင်ရေး ဆက်လက်    ကြိုးစားမည့်အကြောင်း၊ တူညီသည့် စံထားမှုများနှင့်အတူ နိုင်ငံ တကာမိတ်ဖက်များနှင့်  ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ပြီး   ကမ္ဘာ့အကျိုး စီးပွားအတွက်    ပိုမိုဆောင်ရွက်မည့် အကြောင်း ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောကြားသည်။


တရုတ်ပိုင်နက်အဖြစ်     ပြောထား သည့်   ထိုင်ဝမ်ကျွန်းနှင့်    သီတင်း တစ်ပတ်ကြာ တင်းမာမှုဖြစ်ခဲ့ပြီးနောက် အင်အားသုံးမှုနှင့်ပတ်သက်ပြီး တရုတ် သမ္မတက ပြောကြားထားခြင်းမရှိသော် လည်း ထိုင်ဝမ်ပြည်သူများ အနေနှင့် ကိုယ်ပိုင်အနာဂတ်ကို    ဆုံးဖြတ်ခွင့်ရှိ ကြောင်းနှင့် တရုတ်၏ နိုင်ထက်စီးနင်း လုပ်ရပ်များကိုရှုတ်ချကြောင်း ပြောဆိုခဲ့ သည်။


တရုတ်အစိုးရကို    ရင်ဆိုင်မည်ဆို သည့် ကတိကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အပြတ်အသတ် ပြန်လည် ရွေးကောက်ခံ ခဲ့ရသည့် ထိုင်ဝမ်သမ္မတ Tsai ကို ခွဲထွက် ရေးသမားတစ်ဦးအဖြစ် သတ်မှတ်ကာ တရုတ်အစိုးရက ဆွေးနွေးပြောဆိုရန် ငြင်းဆိုထားသော်လည်း    ထိုင်ဝမ်သည် လွတ်လပ်သည့်နိုင်ငံဖြစ်ကြောင်းသမ္မတ Tsai က ပြောကြားထားသည်။

ရဲခေါင် (ref:AFP)






အခြားဆက်စပ်သတင်းများ