နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Air India လေကြောင်းလိုင်းကို အိန္ဒိယအစိုးရက မူလတည်ထောင်သူများထံ ပြန်ရောင်း

နယူးဒေလီ  အောက်တိုဘာ  ၁၂


အရှုံးပေါ်နေသည့် Air India လေ ကြောင်းလိုင်းကို   အိန္ဒိယဝန်ကြီးချုပ် မိုဒီက လေကြောင်းလိုင်းများတွင် အစိုးရ ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှုအလုံးစုံကို ရောင်းချလိုက်ပြီဖြစ်သည်။

အရှုံးပေါ်နေသည့် အိန္ဒိယအစိုးရပိုင် Air India လေကြောင်းလိုင်းကိုနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစု Tata အုပ်စုထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းများမှတစ်ဆင့် အသိပေးထား ခြင်းဖြစ်သည်။


အမြင့်ဆုံးဈေးနှုန်းအဖြစ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကမ်းလှမ်း ခဲ့သည့်  ယင်းကုမ္ပဏီကို အစိုးရက လေကြောင်းလိုင်း ရောင်းချလိုက်ခြင်း ဖြစ်သည်။


 Tata အုပ်စု (Tata Sons) သည် လွန်ခဲ့သော ၁၉၃၂ ခုနှစ်ကစတင်ကာ Air India လေကြောင်းလိုင်းကို ကနဦး တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ၁၉၅၃ နှစ်တွင်မူ Air India လေကြောင်း လိုင်းမှာ အစိုးရလက်တွင်း ရောက်သွား ခဲ့ရခြင်းဖြစ်သည်။  


Air India လေကြောင်းလိုင်းကြောင့် အိန္ဒိယအစိုးရအနေဖြင့် ​ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး အကြွေးပိနေ သည့် ယင်းလေကြောင်းလိုင်းကို ရောင်းချ ရန် နှစ်အတန်ကြာ ကြိုးစားနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ရဲခေါင် (ref: DailyMail






အခြားဆက်စပ်သတင်းများ