နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ရန်ကုန်  အောက်တိုဘာ  ၉


နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်း များနှင့် မိသားစုဝင်များ အသုံးပြုနိုင် ရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တရုတ် နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ယွမ်ငွေ ၄,၂၅၄,၈၀၀ (ကျပ်ငွေ ၁,၀၆၃,၇၀၀,၀၀၀) တန်ဖိုးရှိ Prescri- ption Tea for Prevention of Covid-19  ၁၀၀၀ ထုပ်၊ Sterilized Air Purifier Mask ၁၂၀၀၀ ခု၊ N95 Mask ၁၁၀၀၀ ခု၊ Portable Sterilizing Kit ၂၀၀ ခု၊ 10L Oxygen Concentrator ရှစ်လုံးနှင့် Philips Non-Invasive Ventilator နှစ်လုံးတို့ကို အောက်တိုဘာ ၈ ရက်၊ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။


ထိုသို့ လှူဒါန်းခဲ့သည်ကို နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အမှတ်တရ ပန်းချီကားကို လည်း ကောင်း၊ စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက နိုင်ငံခြားရေး ဝန်ကြီးဌာန အထိမ်းအမှတ် လောကနတ် ရုပ်တုကိုလည်းကောင်း အသီးသီး ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကား ပြောကြားခဲ့ကြကြောင်း သိရ သည်။                                          (WP)






အခြားဆက်စပ်သတင်းများ