နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီရှိ ဘုရင်အဗ္ဗဒူလာလေဆိပ် ဒရုန်းနှစ်စင်းဖြင့်တိုက်ခိုက်ခံရ၊ လူ ၁၀ ဦးထိခိုက်

ရီယာဒ်၊ အောက်တိုဘာ ၁၀


ဆော်ဒီတောင်ပိုင်း ဂျီဇန်မြို့ရှိ ဘုရင် အဗ္ဗဒူလာလေဆိပ်ကို ဖောက်ခွဲရေးပစ္စည်း များ တပ်ဆင်ထားသည့် ဒရုန်းနှစ်စင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ပြောကြားလိုက်သည်။ 


အီရန်နောက်ခံ ဟူသီသူပုန်အဖွဲ့နှင့် ဖြုတ်ချခံခဲ့ရသည့် သမ္မတ အဗ္ဗရာဘူမန်ဆာ ဟေဒီတို့အကြား တိုက်ပွဲများအတွင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ၂၀၁၅ ခုနှစ်တွင် ကြားဝင်ခဲ့ခြင်းဖြစ်သည်။ 


ညွန့်ပေါင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ဆော်ဒီအစိုးရမီဒီယာက ပြောကြားခဲ့ရာတွင်    ပထမတိုက်ခိုက်မှုအတွင်း   ဆော်ဒီနိုင်ငံသား  ခြောက်ဦး၊    ဘင်္ဂလားဒေ့ရှ့်နိုင်ငံသားသုံးဦးနှင့်  ဆူဒန်နိုင်ငံသားတစ်ဦး  ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် လေဆိပ်မျက်နှာစာ ပြတင်းပေါက်အချို့ပျက်စီးခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 


ထိခိုက်ဒဏ်ရာနှင့် ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမူ မပြောကြားခဲ့ဘဲ တိုက်ခိုက် ခံရမှုများရှိသော်လည်း ဘုရင် အဗ္ဗဒူလာ လေဆိပ်လေကြောင်းသွားလာမှုမှာ ပုံမှန် ဆက်လက်လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင် TV မှ တစ်ဆင့်ထုတ်ပြန်ခဲ့သည်။

ရဲခေါင်(Ref:Reuters)






အခြားဆက်စပ်သတင်းများ