နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးအကြီးအကဲများ အဆင့် ၁ သဘောတူညီချက် ဆွေးနွေး

ဝါရှင်တန်၊ အောက်တိုဘာ ၁၀


အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ် ကက်သရင်းတိုင်သည် တရုတ် ကုန်သွယ်ရေး  အကြီးအကဲ လျှူဟဲ နှင့် လွန်ခဲ့သောနှစ်ကလက်မှတ်ရေး ထိုးခဲ့သည့် နှစ်နိုင်ငံသဘောတူစာချုပ် နှင့်ပတ်သက်ပြီး ဆွေးနွေးရာ တိုင်က တရုတ်နိုင်ငံ မမျှတသော ကုန်သွယ်ရေး အလေ့အထများအတွက် ပူပန်ကြောင်း ပြောကြားလိုက်သည်။ 


ယခင်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အပြန်အလှန် လက်စားချေသည့် ကုန် သွယ်ရေးစစ်ပွဲ လေးနှစ်တာကာလနှင့် အမေရိကန်နိုင်ငံက အန္တရာယ်ရှိသည် ဟုမြင်သည့် လုပ်ငန်းမူဝါဒများကိုမဖြေ ရှင်းနိုင်သေးသည့် အဆင့် ၁ ကုန်သွယ် ရေး သဘောတူညီမှု အပြီး သမ္မတဘိုင်ဒင် အစိုးရက တရုတ်နှင့်ကုန်သွယ်ရေးကို ပြန်လည်ချိန်ညှိရန် ကြိုးစားစဉ် ယခုလို ဗီဒီယိုဖြင့်ဆွေးနွေးခြင်းဖြစ်သည်။ 


ယင်းတို့၏ ပွင့်လင်းသောဆွေးနွေး မှုအတွင်း တိုင်နှင့် တရုတ် ဒုတိယ ဝန်ကြီးချုပ် လျှူတို့က နှစ်နိုင်ငံကုန် သွယ်ရေး အရေးပါမှုနှင့် အမေရိကန် နှင့်တရုတ်သာမက ကမ္ဘာ့စီးပွားရေး အပေါ်  ရိုက်ခတ်မှုများကိုပါ  ဝန်ခံ အသိအမှတ်ပြုကြသည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထိုဆွေးနွေးပွဲအပြီး  ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ 


မကြာမီ အနာဂတ်တွင် လျှူနှင့် ထပ်မံတွေ့ဆုံရန် တိုင်က မျှော်လင့်နေ ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ 


ဝါရှင်တန်က ထိုဆွေးနွေးပွဲသည် တာဝန်သိစီမံသည့်   ကုန်သွယ်ရေး ဆက်ဆံမှုပြုလုပ်ရန်  အမေရိကန် ပြည်ထောင်စုနှင့်  တရုတ်နိုင်ငံတို့ အတွက် အခွင့်အလမ်းဖြစ်သည်ဟုမြင် ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးအဆင့်မြင့်  အရာရှိ တစ်ဦးက ပြောကြားထားသည်။

မျိုးဝင်း(Ref:Kyodo)






အခြားဆက်စပ်သတင်းများ