နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာ ခရီးသွားလာခွင့်ပြုမည်ဆိုသော်လည်း ကမ္ဘာလှည့်ခရီးသည်များကိုမူ လာမည့်နှစ်မှသာ လက်ခံမည်ဟု သြစတြေးလျပြော

ဆစ်ဒနီ၊  အောက်တိုဘာ ၁၀


နိုင်ငံတကာ ခရီးသွားလာခွင့်ပြု မည် ဆိုသော်လည်း ကမ္ဘာလှည့်ခရီးသည်များ ကိုမူ လာမည့်နှစ်မှသာ လက်ခံမည်ဟု  သြစတြေးလျက ကြေညာလိုက်သည်။ 


သြစတေးလျဝန်ကြီးချုပ် စတော့ မော်ရီဆန်အနေဖြင့် ကိုဗစ်ကာကွယ် ဆေးထိုးနှံရေးစံနှုန်းကို မကြာမီအချိန် တွင် ပြည့်မီနိုင်တော့မည်ဖြစ်ပြီး အသက် ၁၆ နှစ်နှင့် အထက်များကို ဒုတိယ အကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။ 


နိုင်ငံသားများအားလုံးနှင့် သြစတေး လျနိုင်ငံတွင် နေထိုင်သူများအားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည် ဖြစ် ပြီး လွန်ခဲ့သည့်နှစ် မတ်လကတည်းက ကန့်သတ်ထားခဲ့သော နိုင်ငံတကာခရီး သွားလာခွင့်ကိုလည်း   လာမည့် နိုဝင်ဘာလ တွင် စတင်ဖွင့်လှစ်ပေးတော့ မည်ဖြစ်ကြောင်း ယင်းကပြောသည်။  


နိုင်ငံသားများကို ကိုဗစ်ကာကွယ် ဆေးထိုးပေးပြီးနောက် ဒုတိယဦးစား ပေးအနေဖြင့် ရွှေ့ပြောင်းနိုင်ငံသားများ နှင့် နိုင်ငံတကာကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဖြစ် ကြောင်း သိရသည်။ 


သြစတေးလျနိုင်ငံသို့ လာလည်မည့် နိုင်ငံတကာ ခရီးသည်များကိုမူ ၂၀၂၂ ခုနှစ်မှသာ လက်ခံမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာချက်ထုတ်ပြန် ထားသည်။            မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ