နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးထိုးစုရပ် (၅) နေရာဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရန်ကုန်၊  အောက်တိုဘာ ၁၀


ဒလမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နှိင်ရေးအတွက် သတ်မှတ်ထားသော ဦးတည်အုပ်စုများကို ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် ၅ နေရာ၌ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်၊ မွန်းတည့် ၁၂ နာရီက ၁၁/ ၁၄ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အ.လ.က ၄ ကျောင်းတွင် တွေ့ရသည်။


မြို့နယ်အတွင်းရှိ ပြည်သူများ နီးစပ်ရာဆေးထိုးစုရပ်နေရာတွင် အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနှိင်ရန် ဆေးထိုးစုရပ်နေရာ များဖြစ်သည့် ၁၁/၁၄ ရပ်ကွက် အ.ထ.က(ခွဲ) အ.လ.က ၄ ကျောင်း၊ တပင်ရွှေထီးရပ်ကွက် အ.ထ.က ၄ ကျောင်း၊ ကမာကဆစ် အလယ်တန်းကျောင်း ပရိယတ္တိစာသင်တိုက်၊ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် ပျော်ဘွယ်ကြီးစံပြကျေးရွာ အ.ထ.က ကျောင်းတို့တွင် စုရပ် ၅ နေရာသတ်မှတ်၍ ကာကွယ်ဆေးကို အောက်တိုဘာ ၆ ရက် မှ ဆက်လက် ထိုးနှံပေးလျက်ရှိနေပြီး အောက်တိုဘာ ၇ ရက်ထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း၂၃၀၃ ဦးရှိပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း သံဃာတော်များ၊ သီလရှင်များ၊ အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများ၊ အကျဉ်းသူ၊ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ နိုင်ငံဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ၊ စေတနာ့ဝန်ထမ်း၊ ပရဟိတအသင်းအဖွဲ့များ၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံအလုပ်ရုံ ဝန်ထမ်းများနှင့် အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေမှာ Sinopharm (Phase1) ပထမအကြိမ်ထိုးနှံပြီးသူ ၅၃၁၉ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ ၅၀၉၄ ဦး အောင်မြင်စွာထိုးနှံပေးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၇ ရက်ထိ Sinopharm(Phase2) ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၂၅၃ ဦးရှိခဲ့ကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                               

       အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ