နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် လမ်းမကြီးများ တိုးချဲ့ရေးလုပ်ငန်း ဆောင်ရွက်နေမှုရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  အောက်တိုဘာ  ၁၀


ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည်  တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်း သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှု နှင့် လမ်းမကြီးများ ကောင်းမွန်စေရေး နှင့်ပြည်သူများ သွားလာမှုအဆင်ပြေ စေရေးအတွက် လမ်းမကြီးများချဲ့ထွင် ရှင်းလင်းနေမှုတို့ကို ကွင်းဆင်းစစ်ဆေး ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၇ နာရီတွင် မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်းသို့ သွားရောက်၍ ခရိုင်နှင့် မြို့နယ်စည်ပင်သာယာ ဝန်ထမ်းအင်အား ၃၇၀ ဦးဖြင့် အင်ကြင်း လမ်းနှင့် ဘုရင့်နောင်တံတား ချဉ်းကပ် လမ်းအကြား အလျား ၁၆၇ ပေနှင့် ၁၇၀ ပေ၊ အကျယ် ၅ ပေနှင့် ၂၉ ပေရှိ တြိဂံပန်းခြံနှင့် အလျား ၂၁၀ ပေနှင့် ၂၁၂ ပေ၊ အကျယ် ၂၉ ပေနှင့် ၄၅ ပေရှိ ယာဉ်ရပ်နားရန် ကားပါကင် တည်ဆောက်မည့်မြေနေရာ သစ်ပင် ချုံနွယ်များ၊ သစ်ပင်ကြီးများကို ခုတ်ထွင်း ရှင်းလင်း ပုံသွင်းနေမှု၊ ယင်းဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန် စေရန် သဲမြေများ၊ မြောင်းချေးများနှင့် အမှိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ ဘုရင့်နောင်ပွဲရုံ သီးသန့်မီးသတ်စခန်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဝင်းအတွင်း မြေကွက်လပ်များတွင် အုတ်ခဲပုံများ၊ မြေစာပုံများ၊ ချုံနွယ်များကို ရှင်းလင်း ရန်၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်စေရေး အတွက် မြေနေရာရယူပြီး ဖွင့်လှစ်နိုင် ခြင်းမရှိသည့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှု မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ရိုးကြီးချောင်း ရေထိန်းတံခါးများ ကြံ့ခိုင်ရေးဆောင်ရွက်ရန်၊ သီးသန့် မီးသတ်စခန်းတွင် ယာဉ်အသင့် လူ အသင့်ဖြစ်စေရေး၊ Fire Hydrant မီးသတ်ရေငုတ်များ စစ်ဆေးရေးတို့ကို ဆောင်ရွက်ရန်မှာကြားပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့ သည် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်၊ ပုလဲလမ်းမကြီးတစ်လျှောက် လမ်းတိုးချဲ့ရန်နှင့် လူသွားစင်္ကြံ၊ စက်ဘီး လမ်းနှင့် ယာဉ်ရပ်နားရန် နေရာများ ပြုလုပ်နိုင်ရန် စက်ယန္တရား လူအင်အား များဖြင့် ချဲ့ထွင်နေမှု၊ ပုလဲလမ်းမြောင်း မှ ရွာမချောင်းသို့ ရေစီးရေလာ ကောင်းမွန်စေရေး တူးဖော်ရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။                         (စာ ၆ သို့)






အခြားဆက်စပ်သတင်းများ