ညောင်တုန်း မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်သူများ မိမိတို့မွေးမြူ ထားသော တိရစ္ဆာန်များ အသေအပျောက်ကင်းပြီး မွေးမြူရေးလုပ်ငန်းများမှ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်ဝမ်းကျရောဂါကာကွယ်ဆေးနှင့် ကြက်လည်လိမ် ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို မေ ၂၇ ရက် နံနက် ၁၀ နာရီက ကျောင်းစုကျေးရွာအုပ်စုနှင့် မဲဇလီရွာဟောင်းကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့စဉ်။
ဝဠာနိုင် (ညောင်တုန်း)