နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

ရန်ကုန်  အောက်တိုဘာ  ၁၁


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံ များ၊ ကျန်းမာရေးဌာနများနှင့်ကိုဗစ် စင်တာများတွင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို တပ်မတော် သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယင်း လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm တို့ကို  သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။ 


ထိုသို့ ပို့ဆောင်ပေးလျက်ရှိ  အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းမှ ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးများကို မြစ်ကြီးနားမြို့သို့ ကာကွယ် ဆေးအလုံးပေါင်း ၂၀၀၀ လုံး၊ လွိုင်ကော်မြို့သို့ ကာကွယ်ဆေး အလုံး ပေါင်း ၃၆၀၀ လုံးနှင့် ဆေးထိုးအပ် ၃၀၀၀၀ ချောင်း၊ ကလေးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၇၀၀၀ လုံး၊ ထားဝယ်မြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၁၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်း၊ ကော့သောင်းမြိုသို့ ကာကွယ်ဆေး အလုံးပေါင်း ၅၆၂၈ လုံး၊ မြိတ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၀၀၈၀ လုံး၊ စစ်တွေမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၂၇၂၀၀ လုံး၊ သံတွဲမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၈၀၀၀ လုံး၊ လားရှိုးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၂၄၁၅၀ လုံးနှင့် ကျိုင်းတုံမြို့သို့ ဆေးထိုးအပ် ၅၀၀၀၀ ချောင်းတို့ကို တပ်မတော် လေယာဉ် တို့ဖြင့်လည်းကောင်း၊ ပဲခူးမြို့သို့ကာကွယ် ဆေးအလုံးပေါင်း ၃၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်း၊ ပြည်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၃၆၀၀၀ နှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ ဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေးအစီအစဉ်များနှင့် အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်သည်။ ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း အချိန်နှင့်တပြေးညီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။ 


အလားတူ ဝေးလံခက်ခဲသောဒေသ များသို့ တပ်မတော်(လေ)ရှိ ပို့ဆောင် ရေးလေယာဉ်များ၊ မြန်မာ့လေကြောင်း တို့၏ အကူအညီများရယူကာ လေကြောင်း ခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။  (WP)






အခြားဆက်စပ်သတင်းများ