နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာခြင်းသည် လာဘ်တစ်ပါး

လူတိုင်းအသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျ ဆုံးသည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုကို မိမိကိုယ်တိုင်ဆောင်ရွက်နိုင်မှသာ တစ်ကိုယ် ရေကျန်းမာသန်စွမ်းမည်ဖြစ်သည်။ 


မိမိ၏ကျန်းမာရေး၊ မိသားစုကျန်းမာရေးရပ်ရွာလူထု၏ ကျန်း မာရေး၊ ရောဂါကာကွယ်ရေးတို့ကို စွမ်းအားရှိသမျှ ဆောင်ရွက် သွားရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် အိမ်ရှင်မများက အဓိကကျသည်။


အိမ်ရှင်မတိုင်းက မိသားစုကျန်းမာပျော်ရွှင်စွာရပ်တည်နိုင် ရန် ထိန်းကျောင်းရာတွင် မိမိခန္ဓာကိုယ်၊ မိမိအိမ်နှင့် အိမ်ပတ်ဝန်း ကျင်ကို သန့်ရှင်းအောင်ထားခြင်း၊ အာဟာရမျှတစွာစားသုံးနိုင် ရေးစီမံခြင်း၊ သားသမီးများကို အရွယ်အလိုက်ကာကွယ်ဆေးထိုး ပေးခြင်း၊ ရာသီအလိုက်ဖြစ်ပေါ်တတ်သောရောဂါများကို သိရှိ နားလည်ပြီး မိသားစုဘဝကို အလေးထားစီမံဆောင်ရွက်ကြရ ပေသည်။


ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဖြစ်ပွားခဲ့ပြီး    မိမိတို့နိုင်ငံကိုပါ ကူးစက်မှု များပြားလာခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းဖွင့်လှစ်ထား သော အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်း၊ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများအပါအဝင် ဇူလိုင် ၉ ရက်မှစတင်၍ ယာယီပိတ်ထားခဲ့ရသည်။


မကြာမီပြန်လည်ဖွင့်လှစ်တော့မည့် အခြေခံပညာကျောင်း များတွင် တက်ရောက်သင်ကြားမည့်ကလေးများအား ကျန်းမာ စွာဖြင့် ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံပေးရေးကို အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ထိုးနှံပေးမည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်ပေသည်။


ရောဂါဖြစ်မှကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ် ခြင်းသည် ပိုမိုထိရောက်သည်။ မိသားစုနေအိမ်သန့်ရှင်းရန်နှင့် အစားအစာသန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး စသည်တို့ကို တစ်ဦးချင်းတစ်ယောက်ချင်း အလေးဂရုပြုဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။


ကျန်းမာရေးစောင့်ရှောက်မှုတွင်  နိုင်ငံတစ်ဝန်းကျေးလက် ကျန်းမာရေးဆေးပေးခန်းများ၊ ဒေသန္တရကျန်းမာရေးဌာနများ၊ ကျောင်းကျန်းမာရေးဌာနများဖွင့်လှစ်ပြီး ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ    ဆောင်ရွက်လျက်ရှိရာ       အိမ်ရှင်မများလိုက်နာကျင့်သုံးသည်နှင့်အမျှ အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။ ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီး တစ်ပါးဖြစ်သည်။ 


လူတိုင်း ရောဂါဘယကင်းဝေးစေရေးအတွက် တစ်ဦးချင်းမှ အစပြုပြီး မိသားစုရပ်ရွာဒေသအားလုံးက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းကို အလေးထားဆောင်ရွက်စေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ