နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာကုန်သွယ်ရေးအနေအထားကြောင့် ကမ္ဘာ့စီးပွားရေး ယိမ်းယိုင်လာနိုင်

ဘရပ်ဆဲလ်  အောက်တိုဘာ  ၁၁


နိုင်ငံတကာတွင် ကပ်ရောဂါ၊ အရေးယူပိတ်ဆို့မှုနှင့် ပြန်လည်ထူထောင်ရေးတို့ ကြောင့်  ကမ္ဘာ့စီးပွားရေးအနေအထားမှာ  ယိမ်းယိုင်လာကြောင်း  ကမ္ဘာတစ်ဝန်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားလိုက်သည်။  


ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်များကို ဖြေလျော့ကာ ပြန်လည် လည်ပတ် ရန် ကြိုးစားနေသည့် အနောက်နိုင်ငံစက်ရုံများမှထုတ်လုပ်သည့် ကုန်ချော၊ ကုန်ကြမ်းနှင့် အခြားကုန်ပစ္စည်းများကို အာရှတိုက်အပါအဝင် အခြားနေရာများက ဝယ်လိုအားတက်လာစေရန်စောင့်နေကြသော်လည်း အာရှတိုက်ရှိ နိုင်ငံတော်တော် များများကမူ  ကပ်ရောဂါကြောင့် ကန့်သတ်ချက်များအတွင်း နေထိုင်နေရကာ ယင်းဝယ်လိုအားကို ဖြည့်ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

တစ်ချိန်တည်းမှာပင် နိုင်ငံတကာတွင် အလုပ်သမားလိုအပ်ချက်များ ဖြစ်ပေါ် နေပြီး အဓိကအကြောင်းအရင်းမှာမူ ကပ်ရောဂါကြောင့် အလုပ်သမားအများစုမှာ နေရပ်ပြန်သွားကြခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်း များအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ကမ္ဘာ့ကုန်ပစ္စည်းထောက်ပံ့မှု နှောင့်နှေးလာခြင်းကြောင့် အမေရိကန်အပါအဝင် ဥရောပ နိုင်ငံတချို့တွင်လည်း ငွေကြေးဖောင်းပွမှု ဂယက် ရိုက်ခတ်နေပြီး၊ စားသုံးသူများကို ထိခိုက်နစ်နာစေလျက်ရှိကာ လက်ရှိတွင် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများစွာသည် ကမ္ဘာတစ်လွှားရပ်တန့်နေရကြောင်း ပညာရှင် များက ပြောထားသည်။

မျိုးဝင်း(ref:StraitTime)






အခြားဆက်စပ်သတင်းများ