နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်ဂိုမြစ်အတွင်း သင်္ဘောနစ်မြုပ်မှုတွင် ခရီးသည် ၆၀ ကျော် ပျောက်ဆုံးနေ

ကင်ရှာဆာ  အောက်တိုဘာ  ၁၁


ကွန်ဂိုမြစ်အတွင်း သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းတွင် ခရီးသည် ၁၀၀ ကျော်မှာ ပျောက်ဆုံးနေကြောင်း ကွန်ဂိုရီပတ်ပလစ်အာဏာပိုင်များက အတည်ပြုလိုက်သည်။ 


ယင်းတို့သည် ပျောက်ဆုံးနေခြင်း သို့မဟုတ်  သေဆုံးနိုင်ခြင်း များလည်း ရှိနေပြီး သင်္ဘောပေါ်ပါသည့် ခရီးသည် များထဲမှ ရုပ်အလောင်း ၅၁ ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အခြားသော ၆၉ ယောက်မှာ ပျောက်ဆုံးနေခြင်းလည်း ဖြစ်နိုင်သည့်အပြင်    သေဆုံးနေသည် များလည်းဖြစ်နိုင်ကြောင်း     မွန်ဂိုလာ ပြည်နယ် အနောက်မြောက်ပိုင်းအစိုးရ ပြောခွင့်ရ   နက်စ်တာမက်ဂ်ဘာဒိုက ပြောသည်။ 


သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားစဉ်တွင် လူ ၃၉ ဦး    အသက်ရှင်ကျန်ရစ်ပြီး သင်္ဘောပေါ်လိုက်ပါလာသူ ခရီးသည် အရေအတွက်ကိုမူ   မည်မျှရှိကြောင်း မသိရသေးပေ။ 


Pirogues ဟုခေါ်သည့်  သစ်သား အမျိုးအစားဖြင့်    ပြုလုပ်ထားသည့် ကနူးလှေငယ်ကိုးခုကို ပူးတွဲချည်နှောင် ထားသည့်သင်္ဘောဖြစ်ကြောင်း  မက်ဂ် ဘာနိုက ပြောသည်။


အချို့ကမူ ဆိုးရွားသည့်ရာသီဥတု အတွင်း သင်္ဘောပေါ် ဝန်ပိုတင်ဆောင် ခြင်း များကြောင့် ယခုလိုဖြစ်ရကြောင်း စွပ်စွဲပြောကြားထားပြီး  လက်ရှိတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များ  ဆက်လက်လုပ်ဆောင်လျက်ရှိ သည်။                      ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ