နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားလေတပ်အမျိုးသမီးအရာရှိသေဆုံးမှု စည်းမျဉ်းဥပဒေနှင့်အညီ ဆောင်ရွက်

ဆိုးလ်  အောက်တိုဘာ  ၁၁


နိုင်ငံအတွင်းရှိ လူ ၁၅ ဦးကို ဖမ်းဆီး ခဲ့ပြီး လေတပ်အရာရှိ ဆယ်ဦးကျော်ကို လည်း  စည်းမျဉ်းစည်းကမ်းနှင့်အညီ အပြစ်ပေးခြင်းခံခဲ့ရကြောင်း သိရသည်။ 


တောင်ကိုရီးယားစစ်တပ်သည် အမျိုးသမီးတပ်သားများအပေါ် လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်မှုများနှင့်    ခွဲခြား ဆက်ဆံမှုများရှိကြောင်း စွပ်စွဲချက်များ ကိုရင်ဆိုင်နေရခြင်းဖြစ်ပြီး  ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် လေတပ် အရာရှိ အမျိုးသမီးနှင့် ပတ်သက်သည့် ဖြစ်စဉ်တွင်လည်း အဆိုပါအမျိုးသမီးက တိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းဖြစ်စဉ်ကိုဖုံးကွယ်ရန် ကြိုးစားထား ခဲ့ကြခြင်းဖြစ်သည်။ 


အဆိုပါ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံ ရခြင်းကြောင့် လေတပ်အရာရှိ အမျိုး သမီးသည်  သူမတရားဝင်နေထိုင်ရာ အဆောက်အဦတွင်း   ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ကာ   ယင်းအမှု သည်  တောင်ကိုရီးယားနိုင်ငံအတွင်း      လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ 


ယင်း အမှုအတွက် အကြီးဆုံးတာဝန် ရှိသည့် လေတပ်ဦးစီးချုပ် အီဆုင်းယောင်း ကို တာဝန်မှနုတ်ထွက်စေခဲ့ပြီး တောင် ကိုရီးယားသမ္မတမွန်းဂျယ်အင်းကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ကာ     အမှုနှင့် ပတ်သတ်၍ ပြင်းပြင်းထန်ထန်စစ်ဆေး ရန်အမိန့်ပေးခဲ့သည်။ 


ယခုမူ အမှုအခင်းနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် အရာရှိကို ဖမ်းဆီး ကာ အမှုအခင်းကို ဝိုင်းဝန်းဖုံးကွယ်ရန် ကြိုးစားခဲ့သည့်အရာရှိများကိုပါ အရေး ယူထားပြီဖြစ်သည်။    ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ