နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးရေအောက်ဥမင် စတင်ဖောက်လုပ်

ဒါကာ  အောက်တိုဘာ  ၁၁


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာ ၏ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာ အကွာရှိ ချတ်တိုဂရမ်မြို့တွင် နိုင်ငံ၏ ပထမဆုံးရေအောက်ဥမင်ကို  စတင် ဖောက်လုပ်ခဲ့ပြီဖြစ်သည်။ 


အဆိုပါ ဥမင် ပြီးဆုံးမည့်အချိန်တွင် စုစုပေါင်း အရှည် ၉ ဒသမ ၃ ကီလိုမီတာရှိ မည်ဖြစ်ပြီး ခါဏာပူလီမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။ စီမံကိန်းကို တရုတ်နိုင်ငံ China Communication Construction Co.,Ltd  နှင့်စာချုပ်ချုပ်ဆိုထားပြီး China Road  and  Bridge Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  


တရုတ်ပြည်တွင်းဖြစ် ဥမင်တူးစက် ကြီးကိုအသုံးပြုကာ မြစ်အတွင်း ဥမင် တူးဖော်ရေးစီမံကိန်းကို ဆောင်ရွက်သွား မည်ဖြစ်သည်။  ရေအောက်ဥမင်၏ အရှည်မှာ ၂,၄၅၀ မီတာရှိပြီး ယာဉ်လမ်း တစ်ဖက်တစ်ချက်စီတွင် နှစ်လမ်းမောင်း ယာဉ်ကြောဖောက်လုပ်သွားမည် ဖြစ် ကာ တစ်နာရီလျှင် ၈၀ ကီလိုမီတာအမြန် နှုန်းဖြင့် မောင်းနှင်သွားလာရန် ဒီဇိုင်း ထုတ်လုပ်ထားသည်။ 


ထိုစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ စီးပွားရေးကို  မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး ဥမင်တည်ဆောက်မှုပြီးစီးပါက အိမ်နီးချင်းနိုင်ငံများနှင့်  ဆက်သွယ်မှု         ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ 


မျိုးဝင်း (ref:AP)






အခြားဆက်စပ်သတင်းများ