နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးမှာ ပြင်ပစွက်ဖက်မှုမလိုသည့် ဖြည့်တင်းရေးဖြစ်ကြောင်း တရုတ်ပြော

ဘေကျင်း  အောက်တိုဘာ  ၁၁


ထိုင်ဝမ်နှင့်တရုတ်ပြည်မကြီး ပြန် လည်ပေါင်းစည်းရေးတွင်အင်အားသုံး မည်ဟုမပြောသော်လည်း   ယင်းကိစ္စ သည်       ပြင်ပစွက်ဖက်မှုမလိုသည့် ပြည်တွင်းရေးသာဖြစ်ကြောင်း  တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောသည်။ 


ယင်းသို့ပြောကြားခြင်းမှာ ထိုင်ဝမ် နှင့် ပတ်သက်ပြီး အမေရိကန်ဦးဆောင် သည့် ဖိအားတိုးလာနေခြင်းကို တုံ့ပြန် ခြင်းဖြစ်ပြီး ထိုင်ဝမ်နှင့်ပြန်လည်ပေါင်း စည်းအောင်မြင်ရမည်ဖြစ်ကြောင်းကို လည်း ရှီက ထည့်သွင်းပြောကြားသည်။ 


ထို့ပြင် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်း စည်းရေး၊ တစ်နိုင်ငံ စနစ်နှစ်မျိုးနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် ၁၉၉၂ သဘောတူညီချက်တို့ကို လိုက်နာမည် ဖြစ်ကြောင်းပြောပြီး     ရေလက်ကြား ဆက်ဆံရေးငြိမ်းချမ်းစွာ တိုးတက်ရေး အတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း လည်း သိရသည်။ 


ယခင် ပြောကြားခဲ့ဖူးသော မိန့်ခွန်း များတွင် ရှီက ထိုင်ဝမ်နှင့်ပတ်သက်လျှင် ပိုမိုပြင်းထန်စွာ ပြောကြားလေ့ရှိခဲ့သော် လည်း တစ်ပတ်ကြာ စစ်ရေးပြပြီးနောက် သိသိသာသာ     ပျော့ပြောင်းလာသော မိန့်ခွန်းဖြစ်ကြောင်း သြစတြေးလျအမျိုး သားတက္ကသိုလ်မှ     တရုတ်- ထိုင်ဝမ် ဆက်ဆံရေးကျွမ်းကျင်သူ    ကထိက ဝန်တိဆွန်က ဝေဖန်ထားသည်။


ရဲခေါင်(Ref: BBC)






အခြားဆက်စပ်သတင်းများ