နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယရှိ တံတားတစ်စင်းအောက်တွင် လေယာဉ်ညပ်နေသည့် ဗီဒီယိုဖိုင်ပျံ့နှံ့

နယူးဒေလီ၊  အောက်တိုဘာ ၈


လေယာဉ်အဟောင်းတစ်စင်းကို ကားနှင့် သယ်ဆောင်သွားစဉ် တံတားတစ်စင်း အောက်၌ လေယာဉ်ညပ်သွားခဲ့ပြီး  ယင်းဖြစ်စဉ်ကို  အိန္ဒိယလူမှုကွန်ရက်များတွင် ဖြန့်ဝေသူများပြားလျက်ရှိသည်။


ရုပ်သံဖိုင်များတွင် အဆိုပါလေယာဉ်ကြီးကို  တောင်ပံများဖြုတ်ထားပြီးကားများ မှာလည်း ယင်း၏ဘေးနားတွင် အဆက်မပြတ်သွားလာနေသည်ကို တွေ့ရှိရသည်။


ရုပ်သံဖိုင်ကို စတင်မျှဝေခဲ့သူမှာ သတင်းထောက်တစ်ဦးဖြစ်ပြီး အိန္ဒိယ လေကြောင်းလိုင်းသည် ထိုလေယာဉ်နှင့် မသက်ဆိုင်သည့်အကြောင်းကိုပါ ထည့် သွင်းဝေမျှခဲ့သည်။


ဒေလီလေဆိပ် တာဝန်ရှိသူများကလည်း လေယာဉ်သည်ရောင်းချပြီးဖြစ်သည့် အတွက် ပြေးဆွဲနေသည့် အိန္ဒိယ လေကြောင်းလိုင်းများနှင့် မသက်ဆိုင်ကြောင်း၊ လေယာဉ်ကိုသယ်ဆောင်သွားသည့်ကားမှာ လမ်းကြောင်းမှားပြီး ပို့ဆောင်မိခြင်းဖြစ်နိုင်ကြောင်း ပြောသည်။


ရုပ်သံဖိုင်ရေပန်းစားလာပြီးနောက် လူတစ်ချို့က အဆိုပါလေယာဉ် တံတား အောက်ညပ်နေသည်မှာ  ရက်အနည်းငယ်ရှိနေပြီဖြစ်ကြောင်း တွစ်တာတွင် ဆက်လက်ရေးလျက်ရှိနေကြသည်။

ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ