နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ရန်ကုန်  အောက်တိုဘာ  ၇


ရန်ကုန် အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက် ၅၅ နှစ်အထက် ပြည်သူများ ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ် ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုး ကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များ၊ စေတနာ့ဝန်ထမ်းများနှင့် အများ ပြည်သူများ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အောက်တိုဘာ ၆ ရက်၊  နံနက် ၉ နာရီက အ.လ.က(၁)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။ 


လမ်းမ‌တော်မြို့နယ်အတွင်း ရပ်ကွက် ပေါင်း ၁၃ ရပ်ကွက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေး အလိုက် ဦးတည်အုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ အောက်တိုဘာ ၆ ရက် အထိ ကာကွယ်ဆေးထိုးနှံသူပေါင်း ၁၁၆၉၂ ဦးရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင် များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊     ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသူများကို  အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ