နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ်(၂) ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ဖွင့်လှစ်မည်

ရန်ကုန်  အောက်တိုဘာ  ၇


ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန် စင်တာတို့ ပူးပေါင်းပြီး ASEAN Standard Tour Guide Upgrading Course for National Tour Guide ဧည့် လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ်(၂)ကို ယခုနှစ်၊ နိုဝင်ဘာလတွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေ့ကျင့်ပေးရေးနှင့် ပညာပေးရေးဌာန ခွဲ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်း အောင်၏ ပြောကြားချက်အရ သိရ သည်။


အဆိုပါ ဧည့်လမ်းညွှန်မွမ်းမံ သင်တန်း အမှတ်စဉ်(၂)ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ယခု ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်အထိ၊ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(Center for Tourism Development-CTD)တွင် ဖွင့်လှစ် ပို့ချရန် စီစဉ်ထားကြောင်း၊ ပုံမှန် အားဖြင့် လူဦးရေ ၁၂၀ ခန့် သင်ကြား နိုင်သောအခန်းထဲတွင် သင်တန်းသား၊ သင်တန်းသူဦးရေ ၂၅ ဦးသာ Social Distancing ပြုလုပ်ကာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ပြည်တွင်း၌ ကိုဗစ်ကပ်ရောဂါ ကြောင့် ခရီးသွားလုပ်ငန်းများခေတ္တ ရပ်နားထားသော်လည်း ရောဂါကူးစက် မှု ကျဆင်းလာပါက ခရီးသွားလုပ်ငန်း များ ပြန်လည်စတင်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခုကဲ့သို့ ဧည့်လမ်းညွှန်မွမ်းမံ သင်တန်းဖွင့်လှစ်ပို့ချရန် စီစဉ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို သင်တန်းတွင် ASEAN Level-3 အဆင့်ရှိသော ဧည့်လမ်းညွှန်ဆိုင်ရာ သင်ခန်းစာများအပြင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များနှင့် ဝန်ဆောင်မှု ပေးနည်းများကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ASEAN Standard Tour Guide Upgrading Course for National Tour Guide ဧည့် လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်ရန်အတွက် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၂ နှစ် ပြည့်ပြီးသော ဂျပန်ဘာသာစကား ပြော ဧည့်လမ်းညွှန်(National Tour Guide)များ လျှောက်ထားနိုင်ကြောင်း သိရသည်။ 


သင်တန်းလျှောက်လွှာ ပုံစံကို အင်တာနက်လင့်ခ် https://bit.ly/ 2Xf1I82 တွင် download ဆွဲရယူကာ လိုအပ်သည်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး လာမည့်အောက်တိုဘာ ၅ ရက်မှစ၍ အီးမေးလ်လိပ်စာ  training@tourism.gov.mm နှင့် tts.yangon@gmail.com သို့ ပေးပို့ လျှောက်ထားနိုင်ကြောင်းနှင့် အသေး စိတ် သိရှိလိုပါက ဖုန်းနံပါတ် ဝ၆၇-၄၀၆၁၀၅ နှင့် ဝ၁ ၈၃၇၇၅၅၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရ သည်။                                (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ