နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပို့ဆောင်ပေး

ရန်ကုန်  အောက်တိုဘာ  ၇


ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ကိုရီးယား ရောက် မြန်မာနိုင်ငံသားများ အဆင်ပြေ ချောမွေ့စွာ ပြန်လာနိုင်ရန် ကယ်ဆယ် ရေးလေယာဉ်များဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။ 


လာမည့် အောက်တိုဘာ ၁၂ ရက် တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ဖြင့် (၇၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်အနေဖြင့် ပျံသန်းပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ခရီးစဉ်တွင် လိုက်ပါခွင့်ရ သည့် မြန်မာနိုင်ငံသားများအနေဖြင့် လေကြောင်းလိုင်း လက်မှတ်အရောင်းဌာန ဖုန်းနံပါတ် ၀၂-၃၁၉၇၆၇၆ သို့လည်း ကောင်း Email:shlee@meebang. co.kr သို့လည်းကောင်း ဆက်သွယ် ဝယ်ယူနိုင်သည့်အပြင် အဆိုပါလေယာဉ် သည် ကိုရီးယားစံတော်ချိန် ၁၆:၃၀ အချိန် ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။                         မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ