နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငပုတောမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မကြာမီထိုးနှံမည်

ငပုတော    အောက်တိုဘာ     ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပညာသင်ကြားနေသော အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများသိရှိစေရန် အသိပေး ကြေညာအပ်ကြောင်း သိရှိရသည်။


ငပုတောမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများ ကိုဗစ်-၁၉ရောဂါကူးစက်မှု မြင့်တက်လာသဖြင့်ယာယီပိတ်သိမ်း ထားခဲ့ရာ ယခုအခါ ရောဂါကူးစက်မှုလျော့နည်းကျဆင်းလာပြီး ထိန်းချုပ်ဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်၍ လူငယ်များ၏ ပညာသင်အခွင့်အလမ်းများ မထိခိုက်စေရေးအတွက် မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စိတ်ကျန်းမာစွာဖြင့် ပူပန်မှု ကင်းစွာပညာသင်ကြားနိုင်ရေးအတွက် အသက် ၁၂နှစ် အထက်ရှိ အခြေခံပညာ အထက်တန်း၊  အလယ်တန်း ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ကျန်းမာရေးဌာနမှ နယ်မြေများ အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးသည် အသက် ၁၂ နှစ် အထက်ရှိသူများကို ထိုးနှံပေးနိုင်ရေးအတွက် စနစ်တကျ သုတေသနပြုထားသည့်ဆေးဖြစ်ပြီး ပြည်ပနိုင်ငံများတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်းတွေ့ရှိရသည်။ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းသည် ရောဂါကူးစက်မှုများ ကာကွယ်နိုင်စွမ်းရှိပြီး ကိုဗစ် -၁၉ရောဂါကူးစက်ခံရပါကလည်း အသက်အန္တရာယ်ထိခိုက်နိုင် လောက်သည်အထိ ပြင်းထန်စွာ ဖြစ်ပွားမှုမရှိကြောင်း သိရှိရသည်။


အဆိုပါ အသက် ၁၂ နှစ်အထက်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများတွင် သွားရောက်စာရင်းပေးကြပါရန် အောက်တိုဘာ ၆ ရက်၊ နံနက် ၈ နာရီအချိန်က အသိပေးကြေညာထားကြောင်း သိရှိရသည်။ 

နှင်းယုမော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ