နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များမှ ဝန်ထမ်း ၁၄၂ ဦးကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးရာ နှစ်ဦး ကိုဗစ် ရောဂါ စစ်ဆေးတွေ့ရှိ

ငွေဆောင်၊  အောက်တိုဘာ ၇ 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်ဝန်ထမ်း များကို ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံ ထားရခြင်း ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီချိန်တွင် အ.ထ.က ငွေဆောင်ကျောင်း၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


အဆိုပါ Mobile စစ်ဆေးမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော် ၏  ဦးဆောင်မှုဖြင့် ငွေဆောင်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစည်သူဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင် ရာ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ငွေဆောင်ကမ်းခြေရှိ ဟိုတယ်ဝန်ထမ်း ၁၄၂ ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါရှိသူ နှစ်ဦး ထပ်မံတွေ့ရှိခဲ့သည်။ 


ငွေဆောင်မြို့တွင် ဇူလိုင် ၂ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၀၃ ဦး၊ သေဆုံးသူသုံးဦးဖြစ်ပြီး လက် ရှိ ကုသမှုခံယူနေသည့် လူနာ ၁၄ဦးဖြစ်ရာ ဆက်မပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

မူမူ(ငွေဆောင်)






အခြားဆက်စပ်သတင်းများ