နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

ဆီဆိုင်   အောက်တိုဘာ     ၇


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊    တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြ ကျေးရွာများပေါ်ထွက်လာစေရန် နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းကို အောက်တိုဘာလ ၅ရက်၊ နံနက် ၉  နာရီအချိန်က ပင်စုံအုပ်စု၊ ကောင်းမှု ဗွာကျေးရွာခန်းမ၌ ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များနှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားပြီး စီမံကိန်း တာဝန် ခံ ဝန်ထမ်းများမှ ယခုသင်တန်း တွင် ကျေးရွာများ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များကောက်ယူနိုင် ရေးနှင့်ခေါင်းဆောင်နိုင်မှုအရည် အသွေးမြင့် မားစေရေး၊ ဒေသဖွံ့ဖြိုးရေး အသိပညာ၊ အတက်ပညာများရရှိစေ ရေး၊ ကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိစေမည့် သင်ခန်းစာ များကို သင်ကြားပို့ချခဲ့ပီး လက်ကမ်းစာ စောင်များ၊ ကျေးရွာအဆင့် ခေါင်းဆောင် မှု လက်စွဲစာအုပ်နှင့် ဒို့ကျေးရွာဂျာနယ် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်  ကျေးရွာအဆင့်ခေါင်း ဆောင်မှုသင်တန်းကို  မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း နှင့်ကျေးလက်ရေရရှိရေး လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာ၁၄ရွာ မှ သင်တန်းသား/သူ ၃၀ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်နိုင် ဝင်းထံမှ သိရသည်။

မောင်ခိုင်






အခြားဆက်စပ်သတင်းများ