နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး တာဝန်ရှိသူတို့ ကျေးရွာအရောက် ကွင်းဆင်းသင်တန်းပို့ချပေး

မာန်အောင်  အောက်တိုဘာ  ၇


သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဖြူ ခရိုင်၊ မာန်အောင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနက မာန်အောင် မြို့နယ်၊ ကျေးလက်ဒေသများ တွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန် ရေရှည် ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွန်းလာပြီး ကျေးလက်ဒေသ လူနေမှုဘဝ များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ် ကို အောက်တိုဘာ ၆ ရက်တွင် မြို့နယ်ကျေးလက်ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းကာ တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်း ပို့ချပေးခဲ့ကြကြောင်း မာန်အောင် မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမောင်မောင်လွင်ထံမှ သိရ သည်။


ထိုသို့ သင်တန်းပို့ချခဲ့ရာ တွင် မာန်အောင်မြို့နယ် မြစိမ်း ရောင်စီမံကိန်း သုံးရွာဖြစ်သည့် တောထူကျေးရွာ၊ ဇလပ်ပြင် ကျေးရွာနှင့် ကင်းတဲကျေးရွာ တို့မှ ကျေးရွာစီမံကိန်း ကော် မတီဝင်များနှင့် ကျေးရွာသူ ကျေးရွာသား ၂၄ ဦးတို့ကို တာဝန်ရှိသူတို့က ၎င်းသင်တန်း နှင့် စပ်လျဉ်း၍ သိသင့်သိထိုက် သော လုပ်ငန်းကိစ္စရပ်များနှင့် ရှောင်ရန် ဆောင်ရန်လုပ်ငန်း ကိစ္စရပ်များကို မိမိတို့ တာဝန် ကျရာ ကဏ္ဍအလိုက် တောထူ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်းဓမ္မာရုံတွင် ကိုဗစ်- ၁၉ ကာကွယ်ရေးလမ်းညွှန်ချက် နှင့်အညီ သင်တန်းပို့ချပေးခဲ့ကြ ကြောင်း သိရသည်။

ဦးအောင်လှဖြူ

(ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ