နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၂၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁)ရပ်ကွက်၊ ခတ္တာလမ်းမပေါ်၌ ဝင်းထက်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ညောင်ရမ်းလမ်း ပေါ်၌ မိုးမြင့်ဦးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန် တွင် ကျီစုအနောက်ရပ်ကွက်၊ (၄) လမ်းမပေါ်၌ ထွန်းထွန်းဝင်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၇ ရက်၊ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မာပြေလမ်း မကြီးပေါ်၌ အောင်သီဟနှင့် သိန်းလွင် တို့(၂)ဦးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၉ နာရီအချိန်တွင် (၁၀)တာင်(၁၄)ရပ်ကွက်၊ သလ္လဝတီ (၇)လမ်းမပေါ်၌ မြတ်မင်းသိန်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် အလယ်ကျေးရွာ၊ အနော်ရထာလမ်းမပေါ်၌ တင်မိုးဝင်းထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်းများသည် ညနေ ၅ နာရီခွဲအချိန်တွင် ကြို့ကုန်းအနောက်ရပ်ကွက်၊ စံပယ်(၂)လမ်းမ ပေါ်၌ ဓားကိုင်သောင်းကျန်းနေသော အောင်ထွန်းလေးထံမှ အရိုးအသွား(၁၄)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၇ ရက်၊  ည ၈ နာရီအချိန်တွင် ထီးတန်းစက် မြေရပ်ကွက်၊ ထီးတန်း(၁) လမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော သော်လင်းထွန်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် (၈၀)ရပ်ကွက်၊ မြနန္ဒာလမ်းသွယ်၌ ဓားကိုင်သောင်းကျန်းနေသော ကောင်းမင်းသန့်ထံမှ အရိုးအသွား(၂၄)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၇ ရက်၊  ည ၁၁ နာရီခွဲအချိန်တွင် သနပ်ပင်လမ်းဆုံ၌ နေလင်းစိုးထံမှ အရိုးအသွား (၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ဇင်ကိုထွန်းထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား(၁)ချောင်းနှင့် မြတ်မင်းသူထံမှ အရိုးအသွား(၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိသည်။       


ဆွေဦး






အခြားဆက်စပ်သတင်းများ