နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်နေပြည်သူများ တစ်ပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေထုတ်ချေး

စလင်း  အောက်တိုဘာ  ၇


သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တနိုင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေး လျက်ရှိသည်။ စလင်းမြို့နယ်၊ အင်းပုတ်ကျေးရွာတွင် မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ ၁၅၀ ဦး၊ ငွေကျပ် ၄၃ ဒသမ ၂၅ သန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ ငွေကျပ် သုည ဒသမ ၂၅ သန်း၊ အသင်းသား စုစုပေါင်း ၁၅၁ ဦး၊ စုစုပေါင်း ငွေကျပ် ၄၃ ဒသမ ၅ သန်းကို မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့်  တာဝန်ခံဝန်ထမ်းများက ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့် အညီ အောက်တိုဘာ ၅ ရက်က အဋ္ဌမအကြိမ် စနစ်တကျ ကွင်းဆင်း ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။        အထွေး






အခြားဆက်စပ်သတင်းများ