နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန် လူနည်းစုတိုင်းရင်းသား ၁၃ ဦးကို တာလီဘန်များသတ်ဖြတ်ခဲ့ကြောင်း AI စွပ်စွဲ

အစ္စလာမ္မဘတ်၊  အောက်တိုဘာ ၇


စစ်ဒဏ်ခံရသောနိုင်ငံကို အစ္စလာမ္မစ်အုပ်စုက ထိန်းချုပ်ပြီးနှစ်ပတ်အကြာတွင် အာဖဂန်နစ္စတန်အုပ်ချုပ်သူ တာလီဘန်များက လူနည်းစုတိုင်းရင်းသားဖြစ်သည့် ဟာဇာရာလူမျိုး  ၁၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာလူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖြစ်သည့်  Amnesty International (AI) က စွပ်စွဲလိုက်သည်။ 


၁၇ နှစ် အရွယ် မိန်းကလေးတစ်ဦးပါဝင်သည့်  အရပ်သားနှစ်ဦးနှင့်  ဖြုတ်ချ ခံရသော အာဖဂန်အစိုးရလက်ထက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင်  ၁၃ ဦးကို တာလီဘန်တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာသစ်စောင့်ကြည့်ရေး အဖွဲ့က ဖော်ပြသည်။ 


တရားမ၀င်ကွပ်မျက်မှုများသည် ဒေကွန်ဒီ  ပြည်နယ်မြောက်ပိုင်း ကီဒီရာ ခရိုင် ခိုအာရွာ၌ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။ သတ်ဖြတ်ခြင်းများအပြီး ရိုက်ကူးထား သောဓာတ်ပုံများနှင့် ဗွီဒီယိုအထောက်အ ထားများကို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အတည်ပြုခဲ့ပြီး တာလီဘန်များအနေဖြင့် လက်စားချေသောလုပ်ရပ်များကိုချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ 


လူဦးရေ ၃၆ သန်းရှိပြီး ရှီးယိုက်မွတ်ဆလင် အများစုဖြစ်သော အာဖဂန်နစ္စတန် နိုင်ငံတွင် လူဦးရေ၏ ၉ ရာခိုင်နှုန်းမှာ ဟာဇာရာ လူမျိုးများဖြစ်ကာ ယခု AI တွေ့ရှိ ချက်နှင့် ပတ်သက်ပြီး တာလီဘန်များ၏ တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း  ချက်ချင်းတုံ့ပြန်မှုမရခဲ့ကြောင်း သိရသည်။

မျိုးဝင်း (ref:AP)






အခြားဆက်စပ်သတင်းများ