နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Facebook နှင့်ပတ်သက်ပြီး ပိုမိုထိရောက်သည့်စည်းကမ်းကြပ်မတ်မှုများလုပ်မည်ဟု ကန်အထက်လွှတ်တော်တွင် ပြောကြား

ဝါရှင်တန်၊  အောက်တိုဘာ ၇


Facebook နှင့်   ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော်တွင် ကြားနာမှု များပြုလုပ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာ များနှင့် ပတ်သက်၍ ပိုမို ထိရောက်သည့် စည်းကမ်း ကြပ်မတ်မှု များ   လုပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များက ကတိပေး ပြောဆိုသည်။ 


ယင်းအပြင် လွှတ်တော်အမတ် တချို့ကလည်း  Facebook ကို အပြင်း အထန်ဝေဖန်ပြောဆိုခဲ့ပြပြီး Facebook တွင် မန်နေဂျာအဖြစ် ၂ နှစ် နီးပါး အမှုထမ်းခဲ့သည့် Frances Haugen က အထက်လွှတ်တော်၏ စားသုံးသူ ကာကွယ်ရေးကော်မတီတွင် Facebook ကြောင့် ထိခိုက်နစ်နာမှုများရှိကြောင်း ထွက်ဆိုခဲ့သည်။ 


ကုမ္ပဏီ၏ အကျိုးအမြတ်ကိုဦးစား ပေးပြီး Facebook နှင့် Instagram အပါအ၀င် အွန်လိုင်းစာမျက်နှာများပေါ် က အကြောင်းအရာများကို ထိန်းချုပ် လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ၏   အကြီးအကဲ   Mark Zuckerberg တွင်   တာ၀န်ရှိကြောင်း သူမက ပြောသည်။ 


ယခုလို ကုမ္ပဏီပတ်သက်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့်တိုင် အောင် မကြာသေးမီက ရွက်လှေနှင့် အပျော်ခရီးထွက်သွားခဲ့သည့် ကုမ္ပဏီ အကြီးအကဲ ဇူကာဘတ်ကို လွှတ်တော် အမတ်တချို့က အပြင်းအထန်ဝေဖန်ခဲ့ ကြကာ လူမှုကွန်ရက် စာမျက်နှာနှင့် ပတ်သက်၍     ပိုမိုတင်းကြပ်သော စည်းကမ်းများကို ချမှတ်သွားမည်ဖြစ် ကြောင်း ကတိပြုခဲ့ကြခြင်းဖြစ်သည်။

ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ